အိမ်ထောင်စု ၃၀၀ကျော်အတွက် စားသောက်ကုန်များလှူဒါန်းခဲ့တဲ့ ပိုးမီ

0
357

အိမ်ထောင်စု ၃၀၀ကျော်အတွက် စားသောက်ကုန်များလှူဒါန်းခဲ့တဲ့ ပိုးမီ

အဆိုတော် ပိုးမီက တောင်ဥက္ကလာ ၁၄ရပ်ကွက်မှာရှိတဲ့ ပြည်သူတချို့အတွက် အခြေခံစားသောက်ကုန်များကို သွားရောက် လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။ အိမ်ထောင်စု ၃၀၀လောက် ရှိတဲ့အတွက် အလှူရှင်များလည်း သွားရောက် လှူဒါန်းလိုရတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ ဒီ ရက်ပိုင်းတွေထဲ …မလှူနိုင်ခဲ့တာ ကြာပါပြီ
( ကိုယ်တိုင်ကိုက မွဲနေလို့😑)

ဒီနေ့တော့ …
တောင်ဥက္ကလာ ၊ ၁၄ရပ်ကွက် စီမံကိန်း (၁) ရပ်ကွက်လေးကို အခြေခံ စားသောက်ကုန်တွေ သွားလှူဖြစ်ခဲ့ပါတယ် …

( တတ်နိုင်သလောက်လေး လှူနိုင်ခဲ့တာမို အိမ်ထောင်စု အားလုံးစာ မလှူနိုင်ခဲ့တာတော့ စိတ်မကောင်းဖြစ်ရတယ် 😔)

တစ်ခု ချစ်စရာကောင်းတာက …
အဲ့ဒီ့ရပ်ကွက်လေးက ငါရဖို သူရဖို့ အတင်းလုယူသွားတာမျိုးမရှိဘဲ … အိမ်ထောင်စု အားလုံး ညီညီမျှမျှ ရအောင်လို့ အလှူပစ္စည်း အားလုံး ကို တာဝန်ရှိတဲ့ လူကြီးတစ်ယောက်က ထိန်းသိမ်းပေးပြီး အချိုးကျ ခွဲဝေးပေးမှာကို ကြည်ကြည်ဖြူဖြူသဘောတူကြတယ် …
လှူတဲ့အလှူရှင်တွေလဲ ..စိတ်ချမ်းသာစေချင်လို့ပါတဲ့ ….

အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိတာမို့ … အလှူရှင်တွေကိုလဲ သွားရောက်လှူဒါန်းနိုင်ဖို့ နှိုးဆော်ပါတယ် …..

ယနေ့ ကုသိုလ် အားလုံးထပ်တူ ရကြပါစေ ….”လို ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here