ဒီဇင်ဘာလမှာ ဇာတ်လမ်းသစ်ထွက်လာမယ့် Jisoo

0
311

ဒီဇင်ဘာလမှာ ဇာတ်လမ်းသစ်ထွက်လာမယ့် Jisoo

Black Pink အဖွဲဝင် Jisoo ရဲ့ ဇာတ်ကားဟာ မကြာခင်မှာ ထွက်ရှိလာတော့မှာပါ။

၁၉၈၇ ခုနှစ်ကို အခြေခံထားပြီး တက္ကသိုလ် ကျောင်းသား ၂ဦးရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အချစ်အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူး ထားတာပါ။

အမျိုးသမီးတက္ကသိုလ် အဆောင်ထဲကို ဒဏ်ရာတွေနဲ့ ရောက်လာတဲ့ တက္ကသိုလ်ကျောင်းသား အဖြစ် Jung Hae In က သရုပ်ဆောင် ထားပြီး Jisoo ကတော့ Jung Hae In ကို ဖွက်ထားပေးပြီး ဂရုတစိုက် စောင့်ရှောက်ပေးတဲ့ တက္ကသိုလ်ကျောင်းသူ နေရာက သရုပ်ဆောင် မှာပါ။

Jung Hae In ကတော့ မြန်မာ ပရိတ်သတ်နဲ့လည်း မစိမ်းတဲ့ မင်းသားတယောက်ပါ။ သူပါဝင်ရိုက်ကူးထားတဲ့ A Piece of Your Mind, When You Will Sleeping, Start Up ဇာတ်ကားတွေဟာ Rating မြင့်ခဲ့တဲ့ ဇာတ်လမ်းတွေပါ။

ဒီဇာတ်ကားကိုတော့ Sky Castle ဇာတ်လမ်းကို ရေးသားရိုက်ကူးခဲ့တဲ့ စာရေးဆရာနဲ့ဒါရိုက်တာကပဲ အတူလက်တွဲ ရိုက်ကူးမှာပါ။

မင်းသား Jung Hae In အနေနဲ့လည်း အနားယူဖိုစဉ်းစားထားပေမယ့် Snowdrop drama ရဲ့ ဇာတ်လမ်းကိုဖတ်ကြည့်ပြီး ငါဒါကို လုပ်ရမယ်ဆိုပြီးတော့ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here