ရွှေပြည်သာ (တ/၁၅)ရပ်ကွက်အတွင်းပစ်ခတ်မှုဖြစ်

0
145

ရွှေပြည်သာ (တ/၁၅)ရပ်ကွက်အတွင်းပစ်ခတ်မှုဖြစ်

ရန်ကုန် အောက်တိုဘာ ၆

ယမန်နေ့ ညနေ ၅ နာရီ၂၀မိနစ်အချိန်က ရွှေပြည်သာမြို့နယ်၊ အမှတ်(တ/၁၅)ရပ်ကွက်အတွင်းမှာ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပါတယ်။

ဦးထွန်းလင်း(ခ)စံကြီး အသက် ၅၁ နှစ်ဟာ အမှတ်(တ/၁၅)ရပ်ကွက် ၊အောင်သုခလမ်းနှင့် သုခမိန်လမ်းထောင့်က ကျော်ဆံသ ဆံပင် ညှပ်ဆိုင် မှာ ရှိနေစဉ် အမျိုးသား ၂ဦး မှ ဆိုင်ကယ် ဖြင့် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ထွက် ပြေးခဲ့တယ်လို့ သိရပါ တယ်။

ပစ်ခတ်မှုကြောင့် ဦးထွန်းလင်းကျော်သေဆုံးခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူဟာ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၅ရပ်ကွက်က ဆယ်အိမ်မှူးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here