ကမ်းခြေစောင့်တပ်ဖွဲ့ဖွဲ့စည်းရခြင်းက အမျိုးသားရေကြောင်း အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ဖို့ဟု နစကဥက္ကဋ္ဌဆို

0
958

ကမ်းခြေစောင့်တပ်ဖွဲ့ဖွဲ့စည်းရခြင်းက အမျိုးသားရေကြောင်း အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ဖို့ဟု နစကဥက္ကဋ္ဌဆို

ရန်ကုန်၊ အောက်တိုဘာ ၆ရက်

မြန်မာနိုင်င့ကမ်းခြေစောင့် တပ်ဖွဲ့ဖွဲ့စည်းခြင်းနှင့် တပ်တော်ဝင်အခမ်းအနားကို ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ် ဆိပ်ခံတံတား၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအား တာဝန်ခံစီမံကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်း အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ရန်၊ ပင်လယ်ဖြတ်ကျော်မှုခင်းများနှိမ်နင်းရန်၊ သတင်းအချက်အလက် များဖလှယ်ရန်၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး သံတမန် ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင် တပ်မတော် (ရေ)အား အထောက်အကူပြုရန်စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခြင်းဖြစ်သည်ဟု နစကဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here