အင်းလေးဖောင်တော်ဦးဘုရားပွဲတော် အစဉ်အလာမပျက်အကျဉ်းချုံးကျင်းပ

0
237

အင်းလေးဖောင်တော်ဦးဘုရားပွဲတော် အစဉ်အလာမပျက်အကျဉ်းချုံးကျင်းပ

တောင်ကြီး၊အောက်တိုဘာ ၇ရက်

နှစ်စဉ်ကျင်းပလျှက်ရှိသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ယခုနှစ်တွင်လည်း အစဉ်အလာမပျက် အကျဉ်းချုံးကျင်းပခဲ့သည်။

ကိုဗစ်ကြောင့် ယခင်နှစ်ကလည်း ဖောင်တော်ဦးဘုရားများ ဒေသစာရီမကြွချီဘဲ အကျဉ်းချုံးကျင်းပခဲ့ရာ ယခုလည်း ထိုအတိုင်းပင်ဖြစ်သည်ဟု ဒေသခံများကပြောသည်။

နှစ်စဉ်ပုံမှန်အားဖြင့် ဖောင်တော်ဦးဘုရားများသည် ၂၁ဌာနကို ၁၉ ရက်ကြာ လှည့်လည်အပူဇော်ခံကြသည်။

သို့သော်ကိုဗစ်ကြောင့် ယခင်နှစ်ကစပြီး လှည့်လည်အပူဇော်ခံခြင်းမရှိခဲ့ပေ။

ကိုယ်ပွားတော်ကို လှည့်လည်အပူဇော်ခံခြင်းဖြင့် စတိဆောင်ရွက်ကြခြင်းများရှိနေသည်။

ပရဟိတဆောင်ရွက်နေသည့် အင်းလေးဒေသခံတစ်ဦးက “အင်းသားတိုင်းဟာ ဘုရားပွဲတော်ကို မီးကုန်ယမ်းကုန်တက်တက်ကြွကြွသဒ္ဒါတရားထက်သန်စွာနဲ့ ပါဝင်ဆင်နွှဲပူဇော်တတ်ကြပါတယ်။ဒါပေမယ့် ကိုဗစ်ကြောင့် အကျဉ်းချုံးပြီး ဘုရားတွေလှည့်လည်အပူဇော်မခံကြဘူး။ဒီအတိုင်းပဲ ကိုယ်ပွားတော်တွေပဲ အပူဇော်ခံကြတယ်။ဒါတောင် ဒီနှစ်မှာ ၄၀၀၊၅၀၀လောက်စုမိကြတယ်။အမြင်၂မျိုးကွဲထွက်သွားတယ်။တစ်စုက တတိယလှိုင်းတောင် မပြီးသေးချိန် လူစုလူဝေးကြောင့် စတုတ္ထလှိုင်းကို ကူးသွားမှာ စိုးရိမ်ကြသူတွေရှိလာကြတယ်။တတိယလှိုင်းကြောင့် ပင်ပန်းနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေတောင်ကောင်းကောင်းတောင်မနားရသေးဘူး။ဒီတော့ ကပ်ရောဂါကြီးပြီးမှ ပူဇော်ပွဲတွေ လုပ်စေချင်ကြတာတွေရှိတယ်”ဟု ပြောသည်။

Photo- Al Pauk


LEAVE A REPLY

Please enter your comment!
Please enter your name here