အာဆီယံဒေသတွင်းနိုင်ငံတွေတွေရဲ့ ကိုဗစ်ဖြစ် ပွါးမှုအများဆုံးနိုင်ငံစာရင်းမှာ မြန်မာ အဆင့် ၆ရှိ

0
642

အာဆီယံဒေသတွင်းနိုင်ငံတွေတွေရဲ့ ကိုဗစ်ဖြစ် ပွါးမှုအများဆုံးနိုင်ငံစာရင်းမှာ မြန်မာ အဆင့် ၆ရှိ

ကမ္ဘာပေါ်မှာ ကိုဗစ်၁၉ဖြစ်ပွါးသူအရေအတွက်ဟာ အောက်တိုဘာလ ၇ရက်နေ့ ၀၇:၁၁GMT အရ ၂၃၇သန်းကျော်ရှိပြီး သေဆုံးသူကတော့ ၄.၈သန်းကျော် ရှိနေပါပြီ။

WHO ကထုတ်ပြန်တဲ့ အောက်တိုဘာလ ၅ရက် နေ့စာရင်းတွေအရ အာဆီယံ ၁၀နိုင်ငံထဲမှာ ကိုဗစ်ဖြစ်ပွါးမှုအများဆုံးနိုင်ငံကတော့ အင်ဒိုနီးရှားနိုင်ငံပါ။ကိုဗစ်အတည်ပြုလူနာဦးရေ ၄သန်းကျော်ရှိပြီး သေဆုံးနှုန်းကတော့ ၁၄၀၀၀၀ ကျော်ရှိပါတယ်။

ဖိလစ်ပိုင်နိုင်ငံကတော့ အာဆီယံဒေသတွင်းနိုင် ငံတွေမှာ ကိုဗစ်ကူးစက်မှုနှုန်းအများဆုံး ဒုတိယနိုင်ငံပါ။ကိုဗစ်အတည်ပြုလူနာ ၂.၆ သန်း ကျော်ရှိပြီး သေဆုံးမှုနှုန်းက ၃၈၀၀၀ ကျော်ရှိပါတယ်။

မလေးရှားနိုင်ငံကတော့ ကိုဗစ်အတည်ပြုလူနာ ၂.၂သန်းကျော်ရှိပြီး သေဆုံးနှုန်း ၂၆၀၀၀ ကျော်ရှိကာ ထိုင်းနိုင်ငံကတော့ အတည်ပြုလူနာ ၁.၆ သန်းကျော်နဲ့ သေဆုံးမှုနှုန်းက ၁၇၀၀၀ ကျော်ရှိပါတယ်။

မြန်မာနိုင်ငံကတော့ အာဆီယံဒေသတွင်းနိုင်ငံတွေမှာဆိုရင် ကိုဗစ်ကူးစက်မှုအများဆုံး နံပါတ် ၆နေရာမှာရှိပြီး ကမ္ဘာ့ကူးစက်မှုအများဆုံးနိုင်ငံတွေထဲမှာဆိုရင်တော့ အဆင့် ၆၂ မှာရှိပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၆ ရက်နေ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၄၇၀၀၀၀ ကျော်ရှိပြီး သေဆုံးနှုန်းကတော့ ၁၇၉၀၀ ကျော်ရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here