ရန်ကုန်မရမ်းကုန်းက နာမည်ကြီး Brave Barဝင်ရောက်စစ်ဆေးခံရပြီး လူ၂၅၀ကျော်ဖမ်းဆီးခံထားရ

0
239

ရန်ကုန်မရမ်းကုန်းက နာမည်ကြီး Brave Barဝင်ရောက်စစ်ဆေးခံရပြီး လူ၂၅၀ကျော်ဖမ်းဆီးခံထားရ

ရန်ကုန်၊အောက်တိုဘာ၈ရက်

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ထဲ ဖွင့်လှစ်ထားသည့် Brave Barကို ညက ဝင်ရောက်စစ်ဆေးရာမှတဆင့် လူ၂၅၀ကျော်ဖမ်းဆီးခံထားရသည်။

ည၁၂နာရီထိုးရန် ၁၀မိနစ်အလို အဖွဲ့စုံဖြင့် ဘားထဲ ဝင်စစ်ဆေးခြင်းဖြစ်သည်။

သက်ဆိုင်ရာက ယင်းသတင်းမှန်ကန်ကြောင်းနှင့်ဖမ်းဆီးထားသူ၂၅၀ကျော်သည်ဟု ယနေ့မနက်တွင်အတည်ပြုပေးသည်။

ဖမ်းဆီးခံထားရသူတို့အား မည်ကဲ့သို့ဆက်လက်ဆောင်ရွက်မည်ကို သက်ဆိုင်ရာက မထုတ်ပြန်သေးပေ။

ရန်ကုန်တွင် ရာနှင့်ချီသည် သောက်စားနေသူတို့ကို ယခုကဲ့သို့ ဖမ်းဆီးခြင်းက ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ပြီးခဲ့သည့် လကလည်း ရခိုင်ပြည်နယ်စစ်တွေတွင် ဆိုင်ထိုင်စားသောက်သူ ၃၀ကျော်ကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ခဲ့သေးပြီး ကိုဗစ်စည်းကမ်းဥပဒေဖြင့် အရေးယူထားသည်။

ခံဝန်ပေး ၍ရသည့် ပုဒ်မဆိုလျှင် ခံဝန်ပေးမည်ဖြစ်ကြောင်းရမန်ယူရမည့် ပုဒ်မ ဆိုလျှင် ရမန်ယူရမည်ဟု ရဲအရာရှိတစ်ဦး ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here