မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံ လာရောက်ဖူးမျှော်သူများအား ဉေ ယျဓမ်တောရကပ္ပိယအဖွဲ့မှ မေတ္တာရပ်ခံချက်တရပ် ထုတ်ပြန်

0
828

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံ လာရောက်ဖူးမျှော်သူများအား ဉေ ယျဓမ်တောရကပ္ပိယအဖွဲ့မှ မေတ္တာရပ်ခံချက်တရပ် ထုတ်ပြန်

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံ လာရောက်ဖူးမျှော်သူများအား ဉေ ယျဓမ်တောရကပ္ပိယအဖွဲ့က မေတ္တာရပ်ခံချက်တရပ် ထုတ်ပြန်ထားသည်။

၎င်းမေတ္တာရပ်ခံချက်တွင် ကျောင်းအနီးပတ်ဝန်းကျင် ယာဉ်ရပ်နားခြင်းများမပြုရန်၊ မလည်သွားကတ္တရာလမ်းမှ ဉေ ယျဓမ်တောရသို႕သွားရာမြေနီလမ်းခွဲကို နံနက် ၅နာရီ ၃၀မိနစ်မတိုင်မီ ဖြတ်သန်းသွားလာခြင်းမပြုရန်၊ လာရောက်ဖူးမျှော်သူများအနေဖြင့် စကားမပြောကြရန်၊ ဖုန်းသံများပိတ်ထားကြရန်၊ နေရာဦးခြင်း နေရာလုခြင်းများမပြုကြရန်၊ တိုးဝှေ့ခြင်းမပြုကြဘဲ တန်းစီစနစ်ဖြင့်သာ ဖူးမျှော်ကြရန် စသည့်အချက်များပါဝင်သည်။

ယခုကဲ့သိုေ့မတ္တာရပ်ခံချက်တရပ် ထုတ်ပြန်ရခြင်းမှာ ဆရာတော်ကြီးသည် ဆိတ်ငြိမ်ခြင်းကိုနှစ်သက်တော်မူပြီး လာရောက်ဖူးမျှော်သူများအနေဖြင့် နံနက် ၁နာရီ ၂နာရီဝန်းကျင်ကတည်းက ကျောင်းပတ်ဝန်းကျင်တွင် အသံဆူညံမှုများဖြစ်ပေါ်နေခြင်းကြောင့် မေတ္တာရပ်ခံရခြင်းဖြစ်သည်ဟု ကပ္ပိယအဖွဲ့ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here