ကောလဟလတွေ ထွက်နေတဲ့ Jisoo နဲ့ Son Heung Min
0
156
ကောလဟလတွေ ထွက်နေတဲ့ Jisoo နဲ့ Son Heung Min
Unicode
BlackPink အဖွဲ့ဝင် Jisoo နဲ့ ကိုရီးယားလက် ရွေးစင် အသင်းခေါင်းဆောင် Son Heung Min တို့နှစ်ယောက် တွဲနေတယ်ဆိုတဲ့ ကောလ ဟလတွေဟာ လူမှုကွန်ယက်တွေပေါ်မှာ ထွက်ပေါ်နေပါတယ်။
ကောလဟလတွေမထွက်ခင် လွန်ခဲ့တဲ့ ၂နှစ် ၂၀၁၉ ၊စက်တင်ဘာလက Jisoo ဟာ လန်ဒန် မြို့က Spa အသင်းရဲ့ အိမ်ကွင်းမှာ Premier League ပွဲကို ကြည့်ရှုဖို့သွားရောက်ခဲ့ပါတယ်။
Jisoo ဟာ သူမရဲ့ Instagram မှာ ဓာတ်ပုံအချို့ကိုတင်ခဲ့ပြီး “တောင်ကိုးရီးယားအမျိုးသားအသင်းရဲ့ ခေါင်းဆောင် Son Heung Min ရဲ့အသင်းကိုအားပေးကြပါ” လို့လည်း ရေးသားထားပါတယ်။
၂နှစ်ကြာပြီးတဲ့နောက် ၂၀၂၁မှာတော့ ပရိတ်သတ်အချို့ရဲ့ တွေ့ရှိမှုအချို့ကို အခြေခံပြီး Jisoo နဲ့ Song Heung Min တွဲနေတယ်ဆိုတဲ့ ကောလဟလ ထွက်ပေါ်လာခဲ့တာပါ။
သူတို့ ၂ယောက်ကို ကောလဟလ ထွက်ပေါ်စေတဲ့ တခြားအချက်တွေကိုလည်း ပရိတ်သတ်တွေက ထောက်ပြထားပါသေးတယ်။
ဒါကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ရက်နေ့က Son Heung Min ဟာ ဆီးရီးယားနဲ့ကန်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကိုရီးယားကိုပြန်လာခဲ့တာမှာ လန်ဒန်ကနေလာရမယ့်အစား ပဲရစ်ကနေ ကိုရီးယားကို ရောက်လာခဲ့တာပါ။
Jisoo လည်း Paris Fashion Week အတွက် သူမရဲ့ အစီအစဉ်တွေပြီးဆုံးပြီးတဲ့နောက် အောက်တိုဘာလ ၅ရက်နေ့မှာပဲ ကိုရီးယားကို ပြန်လာခဲ့ပါတယ်။
ကောလဟလတွေကို ပံ့ပိုးပေးတဲ့ နောက်ထပ်အချက်ရှိပါသေးတယ်။ဒါကတော့ သူတို့ ၂ယောက်မှာ Couple လက်ပတ်လေးတွေ ရှိနေတယ်ဆိုတဲ့ ထင်ကြေးပေးချက်ပါ။
ဒါ့အပြင် Son Heung Min ဟာ ဂိုးသွင်းပြီးတိုင်း အောင်ပွဲခံတဲ့ပုံစံအနေနဲ့ အဲ့ဒီ့လက်ပတ်ကို နမ်းတယ် ဆိုတဲ့အချက်ပါ။ ဘောလုံး ပရိတ်သတ်တော်တော် များများလည်း ဒါကိုသိကြမှာပါ။
Jisoo နဲ့ Son Heung Min တို့ရဲ့ ကောလဟလ ဟာ အင်တာနက်သုံးစွဲသူတွေရဲ့ စိတ်ဝင်စားခြင်းခံနေရပြီး ပရိတ်သတ်အချို့က “အဲ့ဒါက တမ္ဘာလုံးက အားကျရတဲ့အတွဲ”၊ “ငါ အဲ့ဒါကို နည်းနည်းလေးလောက်တောင် မယုံချင်ဘူး”၊
“သူတို့နှစ်ယောက်လုံး ကြည့်ကောင်းတယ်”
ဆိုတဲ့ မှတ်ချက်တွေလည်း ပေးထားကြပါတယ်။
Zaw Gyi
LEAVE A REPLY
Please enter your comment!
Please enter your name here