၂၀၂၀ရွေးကောက်ပွဲအနိုင်ရနိုင်ငံရေးပါတီအချို့နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ယနေ့တွေ့မည်

0
268

၂၀၂၀ရွေးကောက်ပွဲအနိုင်ရနိုင်ငံရေးပါတီအချို့နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ယနေ့တွေ့မည်

နေပြည်တော်၊အောက်တိုဘာ ၉ရက်

နေပြည်တော်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သောအဖွဲ့နှင့် ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီအချို့တို့ ယနေ့ မနက်ပိုင်းတွင် တွေ့ဆုံရန်ရှိကြောင်း ဖိတ်ကြားခံနိုင်ငံရေးပါတီအချို့က ေ ပြာသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်နေသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်းဖြစ်သည်။

ဖိတ်ကြားခံရသူထဲပါဝင်သည့် ရခိုင့်ဦးဆောင်ပါတီဥက္ကဌဒေါက်တာအေးမောင်က လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအကြောင်း ဆွေးနွေးကြမည်ဟုပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း ၎င်းတို့ဖိတ်ကြားခံရပြီး တက်ရောက်မည်ဟု ပြောသည်။

ရခိုင်ပြည်နယ်ထဲ အမတ်ဦးရေအများဆုံးအနိုင်ရခဲ့သည့် ရခိုင်အမျိုးသားပါတီက ၎င်းတို့ မတက်ရောက်ဖြစ်ဟု ပြောသည်။

မတက်ရောက်ရသည့်အကြောင်းက ပါတီတွင် ဗဟိုအလုပ်အမှုဆောင်များရှိပြီး မျက်နှာစုံညီမဆွေးနွေးကြ၍ မတက်ရောက်ရခြင်းဖြစ်သည်ဟု ပါတီတာဝန်ရှိသူ ဦးထွန်းအောင်ကျော်ကပြောသည်။

အခြားသော နိုင်ငံရေးပါတီများနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ရာ မရခဲ့၍ တက်ရောက်ကြမည့် နိုင်ငံရေးပါတီစာရင်းကို အတိအကျမဖော်ပြနိုင်ပါ။

၂၀၂၀ရွေးကောက်ပွဲကာလက အနိုင်ရပါတီ ၁၉ခု အထိ ရှိခဲ့ပြီး ထိုထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ရခိုင်အမျိုးသားပါတီ၊မွန်ညီညွှတ်ရေးပါတီ၊တအောင်း(ပလောင်)အမျိုးသားပါတီ၊ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ရခိုင့်ဦးဆောင်ပါတီ၊၀ အမျိုးသားပါတီ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ဒီမိုကရေစီပါတီသစ်(ကချင်)၊လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ကရင်ပြည်သူ့ပါတီ၊ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ကယန်းအမျိုးသားပါတီတို့ဖြစ်ကြသည်။ထိုထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုရခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here