၁၁ရက်အတွင်း အခေါက်ရွှေတစ်ကျပ်သား ၄သိန်းကျော်ကျသွား

0
882

၁၁ရက်အတွင်း အခေါက်ရွှေတစ်ကျပ်သား ၄သိန်းကျော်ကျသွား

ရန်ကုန်၊အောက်တိုဘာ၉ ရက်

စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ ၁၁ရက်အတွင်း အခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ငွေကျပ်လေးသိန်းကျော် အထိ ပြုတ်ကျသွားတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကပြောပါတယ်။

အခေါက်ရွှေတွေကို ရွှေဆိုင်၃ဆိုင်နဲ့ ရွှေလုပ်ငန်းရှင်တစ်ဦးတို့က ရွှေအသင်းရုံးမှာ လာရောက်ချပေးမှုရှိတာကလည်း ရွှေဈေးကျမှုအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်တစ်ဆယ့်ရှစ်သိန်းရှစ်သောင်းငါးထောင်ကျပ်ဈေးရှိနေပါတယ်။

Zaw Gyi

၁၁ရက္အတြင္း အေခါက္ေ႐ႊတစ္က်ပ္သား ၄သိန္းေက်ာ္က်သြား

ရန္ကုန္၊ေအာက္တိုဘာ၉ ရက္

စက္တင္ဘာ ၂၉ ရက္မွ ေအာက္တိုဘာလ ၉ ရက္အထိ ၁၁ရက္အတြင္း အေခါက္ေ႐ႊေဈးဟာ တစ္က်ပ္သားကို ေငြက်ပ္ေလးသိန္းေက်ာ္အထိ ျပဳတ္က်သြားတယ္လို႔ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္အသင္းကေျပာပါတယ္။အေခါက္ေ႐ႊေတြကို ေ႐ႊဆိုင္၃ဆိုင္နဲ႔ ေ႐ႊလုပ္ငန္းရွင္တစ္ဦးတို႔က ေ႐ႊအသင္း႐ုံးမွာ လာေရာက္ခ်ေပးမႈရွိတာကလည္း ေ႐ႊေဈးက်မႈအေပၚ သက္ေရာက္မႈရွိခဲ့ပါတယ္။ဒီကေန႔ ညေနပိုင္းမွာေတာ့ အေခါက္ေ႐ႊတစ္က်ပ္သားကိုေငြက်ပ္တစ္ဆယ့္ရွစ္သိန္းရွစ္ေသာင္းငါးေထာင္က်ပ္ေဈးရွိေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here