Lisa ရဲ့ တစ်ကိုယ်တော်သီချင်း LALISA ဂင်းနစ် စံချိန်မှတ်တမ်း ၂ခုဝင်

0
264

Lisa ရဲ့ တစ်ကိုယ်တော်သီချင်း LALISA ဂင်းနစ် စံချိန်မှတ်တမ်း ၂ခုဝင်

Lisa ရဲ့တကိုယ်တော် သီချင်းဟာ မကြာသေးခင်က ဂင်းနစ်စံချိန် ၂ ခုချိုးခဲ့တယ်လို့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းက အောက်တိုဘာ ၈ရက်နေ့က ကြေငြာခဲ့ပါတယ်။

အရင်တုန်းကလည်း Lisa ရဲ့ တကိုယ်တော်သီချင်း LALISA ဟာ ၂၄နာရီအတွင်း လူကြည့်အများဆုံးဖြစ်ကာ ကမ္ဘာ့စံချိန်ကို ချိုးဖျက် ခဲ့တယ်လို့ YOUTUBE က အတည်ပြုခဲ့ပါတယ်။

LALISA ဟာ ၎င်းရဲ့ပထမဆုံး ၂၄နာရီအတွင်းမှာ ကြည့်ရှုသူ ၇၃.၆ သန်းထိရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ Taylor Swift ရဲ့ Hit me ကို ကျော်လွန် ခဲ့ပါတယ်။

LALISA သီချင်းဗွီဒီယိုဟာ ၂၄နာရီ အတွင်းမှာ ကြည့်ရှုသူအများဆုံးအဖြစ် စံချိန်သစ်ထပ်တင်ခဲ့ပြီး အရင်ကစံချိန်တင်ခဲ့တဲ့ BlackPink အဖွဲ့ဝင် Rose ရဲ့ တကိုယ်တော်စီချင်း On the Ground ကိုတောင် ကျော်လွန်ခဲ့ပါတယ်။

ကမ္ဘာ့ဂင်းနစ် မှတ်တမ်းကတော့ BlackPink အဖွဲ့ဝင်တွေရဲ့ အောင်မြင်မှုဟာ ၂၀၂၂ ခုနှစ်အတွက် ဂင်းနစ် မှတ်တမ်းမှာတောင် ပါဝင် လာလိမ့်မယ် လို့ မှတ်ချက်ပြုထားပါတယ်။

Zaw Gyi




LALISA ဟာ ၄င်းရဲ့ပထမဆုံး ၂၄နာရီအတွင်းမှာ ကြည့်ရှုသူ ၇၃.၆ သန်းထိရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ Taylor Swift ရဲ့ Hit me ကို ကျော်လွန်ခဲ့ပါတယ်။




LEAVE A REPLY

Please enter your comment!
Please enter your name here