နေပြည်တော်ရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ဦးရေပေါင်း ၈၃၀၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဒီဇင်ဘာလ ပထမပတ်တွင် အပြီး ထိုးနှံပေးမည်

0
250

နေပြည်တော်ရှိ အခြေခံပညာကျောင်းသား ၊ကျောင်းသူ ဦးရေပေါင်း ၈၃၀၀၀ ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဒီဇင်ဘာလ ပထမ ပတ်တွင် အပြီးထိုးနှံပေးမည်

နေပြည်တော်တွင် အောက်တိုဘာ ၉

 နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်သည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူဦးရေပေါင်း ၈၃၀၀၀ ကျော်ရှိပြီး အဆိုပါ ကျောင်းသား၊ကျောင်းသူများကို အောက်တိုဘာလ ၁၂ ရက်မှစ၍ လာမည့် ဒီဇင်ဘာလ ပထမပတ်အတွင်း ကာကွယ်ဆေးများကို အပြီးထိုးနှံပေးသွားနိုင်မည်ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ အသက် ၁၂ နှစ်အထက် အသက် ၁၈ နှစ်အောက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ဦးရေပေါင်း တစ်သန်းခန့်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ရာ ယခုအောက်တိုဘာလ ၁၂ ရက်နေ့ မှစ၍ နိုင်ငံတစ်ဝန်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်ပြည်ထောင်စုနယ်မြေတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရမည့် ကျောင်းသားကျောင်းသူဦးရေ ၈၃၉၆၉ ဦးရှိပြီး ၎င်းတို့ကို အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ ထိုးနှံပေးသွားမည်ဖြစ်ကာ လာမည့်ဒီဇင်ဘာလ ပထမပတ်အတွင်း အပြီးထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 “ ဒီကျောင်းသားတွေကို ဆိုင်နိုဘတ်ဆေးကိုထိုးမှာပါ။ ဒီလ ၁၂ ရက်နေ့ကနေစပြီး နောက်ဒီဇင်ဘာလ ၈ ရက်နေ့မတိုင်မီမှာအပြီးထိုးမှာပါ။ နှစ်ကြိမ်စလုံးအကြိမ်ပြည့် ထိုးနှံပေးသွားမှာဖြစ် ပါတယ်။ နေပြည်တော်မှာက ဆေးထိုးနိုင်တဲ့ ကျောင်းသား၊ ကျောင်းသူဦးရေက ၈၃၉၆၉ ဦးရှိပါတယ်။ ပထမတစ်ကြိမ်ကိုတော့ ဒီလ ၁၂ ရက်နေ့ကနေ နိုဝင်ဘာလ ၈ ရက်နေ့ထိကို အပြီးထိုးမှာပါ။ အဲ့ နိုဝင်ဘာ ၈ ရက်ကနေ ဒီဇင်ဘာ ၅ ရက်လောက်ထိမှာ နှစ်ကြိမ်လုံး အကြိမ်ပြည့် ကျောင်းသားအားလုံး ထိုးနှံပေးသွားမှာဖြစ်ပါတယ်” ဟု နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပိတ်ရက်အပြီးတွင် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံပေးနိုင်ရန် စနစ်တကျ အစီအစဉ်ချမှတ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၂ ရက်မှစ၍ နိုင်ငံတစ်ဝန်းရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကာ ထိုသို့ ကာကွယ်ဆေးများ ထိုးနှံရာတွင် ကျောင်းသား/ သူများကို ကျောင်းကားများဖြင့် စုရပ်ကိုခေါ်ဆောင်မည်ဖြစ်ပြီး မိဘများထံမှ ခွင့်ပြုချက်တောင်းခံပြီးမှသာ ထိုးနှံပေး မည်ဖြစ်ကြောင်း သိရသည်။

Zaw Gyi

ေနျပည္ေတာ္ရွိ အေျခခံပညာေက်ာင္းသား ၊ေက်ာင္းသူ ဦးေရေပါင္း ၈၃၀၀၀ ေက်ာ္ကို ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ဒီဇင္ဘာလ ပထမ ပတ္တြင္ အၿပီးထိုးႏွံေပးမည္

ေနျပည္ေတာ္တြင္ ေအာက္တိုဘာ ၉

ေနျပည္ေတာ္ျပည္ေထာင္စု နယ္ေျမအတြင္းရွိ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံႏိုင္သည့္ အေျခခံပညာ ေက်ာင္းသား၊ ေက်ာင္းသူဦးေရေပါင္း ၈၃၀၀၀ ေက်ာ္ရွိၿပီး အဆိုပါ ေက်ာင္းသား၊ေက်ာင္းသူမ်ားကို ေအာက္တိုဘာလ ၁၂ ရက္မွစ၍ လာမည့္ ဒီဇင္ဘာလ ပထမပတ္အတြင္း ကာကြယ္ေဆးမ်ားကို အၿပီးထိုးႏွံေပးသြားႏိုင္မည္ျဖစ္ေၾကာင္း ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံတစ္ဝန္းရွိ အသက္ ၁၂ ႏွစ္အထက္ အသက္ ၁၈ ႏွစ္ေအာက္ အေျခခံပညာ ေက်ာင္းသား၊ ေက်ာင္းသူ ဦးေရေပါင္း တစ္သန္းခန႔္ကို ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ထိုးႏွံေပးသြားမည္ျဖစ္ရာ ယခုေအာက္တိုဘာလ ၁၂ ရက္ေန႔ မွစ၍ ႏိုင္ငံတစ္ဝန္းထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း၊ ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမတြင္လည္း ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးႏွံရမည့္ ေက်ာင္းသားေက်ာင္းသူဦးေရ ၈၃၉၆၉ ဦးရွိၿပီး ၎တို႔ကို ေအာက္တိုဘာ ၁၂ ရက္ေန႔မွစ၍ ထိုးႏွံေပးသြားမည္ျဖစ္ကာ လာမည့္ဒီဇင္ဘာလ ပထမပတ္အတြင္း အၿပီးထိုးႏွံေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။ “ ဒီေက်ာင္းသားေတြကို ဆိုင္ႏိုဘတ္ေဆးကိုထိုးမွာပါ။ ဒီလ ၁၂ ရက္ေန႔ကေနစၿပီး ေနာက္ဒီဇင္ဘာလ ၈ ရက္ေန႔မတိုင္မီမွာအၿပီးထိုးမွာပါ။ ႏွစ္ႀကိမ္စလုံးအႀကိမ္ျပည့္ ထိုးႏွံေပးသြားမွာျဖစ္ ပါတယ္။ ေနျပည္ေတာ္မွာက ေဆးထိုးႏိုင္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူဦးေရက ၈၃၉၆၉ ဦးရွိပါတယ္။ ပထမတစ္ႀကိမ္ကိုေတာ့ ဒီလ ၁၂ ရက္ေန႔ကေန ႏိုဝင္ဘာလ ၈ ရက္ေန႔ထိကို အၿပီးထိုးမွာပါ။ အဲ့ ႏိုဝင္ဘာ ၈ ရက္ကေန ဒီဇင္ဘာ ၅ ရက္ေလာက္ထိမွာ ႏွစ္ႀကိမ္လုံး အႀကိမ္ျပည့္ ေက်ာင္းသားအားလုံး ထိုးႏွံေပးသြားမွာျဖစ္ပါတယ္” ဟု ေနျပည္ေတာ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ သီတင္းကြၽတ္ပိတ္ရက္အၿပီးတြင္ အေျခခံပညာေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ႏိုင္ရန္အတြက္ ကာကြယ္ေဆး အျမန္ဆုံး ထိုးႏွံေပးႏိုင္ရန္ စနစ္တက် အစီအစဥ္ခ်မွတ္ေဆာင္႐ြက္လ်က္ရွိရာ ေအာက္တိုဘာလ ၁၂ ရက္မွစ၍ ႏိုင္ငံတစ္ဝန္းရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ထိုးႏွံေပးသြားမည္ျဖစ္ကာ ထိုသို႔ ကာကြယ္ေဆးမ်ား ထိုးႏွံရာတြင္ ေက်ာင္းသား/ သူမ်ားကို ေက်ာင္းကားမ်ားျဖင့္ စုရပ္ကိုေခၚေဆာင္မည္ျဖစ္ၿပီး မိဘမ်ားထံမွ ခြင့္ျပဳခ်က္ေတာင္းခံၿပီးမွသာ ထိုးႏွံေပး မည္ျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here