“အောက်တိုဘာ ၁၅ရက် စပြီး အိန္ဒိယ နိုင်ငံတွင်း နိုင်ငံခြား ခရီးသွားတွေ ဝင်ရောက် ခွင့်ပြုမည်”

0
153

“အောက်တိုဘာ ၁၅ရက် စပြီး အိန္ဒိယ နိုင်ငံတွင်း နိုင်ငံခြား ခရီးသွားတွေ ဝင်ရောက် ခွင့်ပြုမည်”

Unicode

နိုင်ငံခြား ခရီးသွားတွေကို လာမယ့်အောက်တို ဘာ ၁၅ရက်ကစပြီး တိုင်းပြည် အတွင်း ဝင်ရောက် လည်ပတ်ခွင့်ပြုမယ်လို့ အိန္ဒိယအစိုးရက အောက်တိုဘာ ၇ ရက်က ကြေငြာခဲ့ပါတယ်။

စင်းလုံးငှါးလေယာဉ်နဲ့သာ နိုင်ငံ အတွင်းဝင်ခွင့်ပြုမှာဖြစ်ပြီး စင်းလုံးငှါးလေယာဉ်နဲ့ မလာရောက်နိုင် သူတွေကတော့ နိုဝင်ဘာ ၁၅ရက် အထိစောင့်ဆိုင်း ရမယ် လို့လည်း ပြောခဲ့ပါတယ်။

အိန္ဒိယ အစိုးရဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ကစပြီး ခရီးသွား ဗီဇာထုတ်ပေးခြင်းကို ရပ်တန့်ကာအိန္ဒိယနိုင်ငံတွင်း ခရီးသွား ဝင်ရောက်မှုကို ကန့်သတ်ခဲ့တာပါ။

၁နှစ်ခွဲကျော်ကြာ ခရီးသွား ဝင်ရောက်မှုကို တားမြစ်ခဲ့ပြီးနောက်မှာတော့ ခရီးသွား လုပ်ငန်း တာဝန်ရှိသူတွေနဲ့ ဒေသခံ အစိုးရတို့ဟာ ခရီးသွားတွေ ပြန်လည်ဝင်ရောက်ခွင့်ပေးရန် အိန္ဒိယ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

နေ့စဉ် ကူးစက်မှုက ယခင်က တနေ့ကို ၄သိန်းကျော်ရှိရာကနေ ယခု ၂၀၀၀၀အောက် ကျဆင်း လာတဲ့အတွက် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုကို ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Source_ NHK
Photo _ The Straits Times

 

Zaw Gyi

“ေအာက္တိုဘာ ၁၅ရက္ စၿပီး အိႏၵိယ ႏိုင္ငံတြင္း ႏိုင္ငံျခား ခရီးသြားေတြ ဝင္ေရာက္ ခြင့္ျပဳမည္”

ႏိုင္ငံျခား ခရီးသြားေတြကို လာမယ့္ေအာက္တို ဘာ ၁၅ရက္ကစၿပီး တိုင္းျပည္ အတြင္း ဝင္ေရာက္ လည္ပတ္ခြင့္ျပဳမယ္လို႔ အိႏၵိယအစိုးရက ေအာက္တိုဘာ ၇ ရက္က ေၾကျငာခဲ့ပါတယ္။

စင္းလုံးငွါးေလယာဥ္နဲ႔သာ ႏိုင္ငံ အတြင္းဝင္ခြင့္ျပဳမွာျဖစ္ၿပီး စင္းလုံးငွါးေလယာဥ္နဲ႔ မလာေရာက္ႏိုင္ သူေတြကေတာ့ ႏိုဝင္ဘာ ၁၅ရက္ အထိ
ေစာင့္ဆိုင္း ရမယ္ လို႔လည္း ေျပာခဲ့ပါတယ္။

အိႏၵိယ အစိုးရဟာ ၿပီးခဲ့တဲ့ မတ္လအတြင္း ကစၿပီး ခရီးသြား ဗီဇာထုတ္ေပးျခင္းကို ရပ္တန႔္ကာ
အိႏၵိယႏိုင္ငံတြင္း ခရီးသြား ဝင္ေရာက္မႈကို ကန႔္သတ္ခဲ့တာပါ။

၁ႏွစ္ခြဲေက်ာ္ၾကာ ခရီးသြား ဝင္ေရာက္မႈကို တားျမစ္ခဲ့ၿပီးေနာက္မွာေတာ့ ခရီးသြား လုပ္ငန္း တာဝန္ရွိသူေတြနဲ႔ ေဒသခံ အစိုးရတို႔ဟာ ခရီးသြားေတြ ျပန္လည္ဝင္ေရာက္ခြင့္ေပးရန္ အိႏၵိယ အစိုးရကို ေတာင္းဆိုခဲ့ၾကပါတယ္။

ေန႔စဥ္ ကူးစက္မႈက ယခင္က တေန႔ကို ၄သိန္းေက်ာ္ရွိရာကေန ယခု ၂၀၀၀၀ေအာက္ က်ဆင္း လာတဲ့အတြက္ ႏိုင္ငံျခားသား ခရီးသြားဝင္ေရာက္မႈကို ျပန္လည္ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

 

Source_ NHK
Photo _ The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here