အငှါးယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်

0
234

အငှါးယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်

 

ယမန်နေ့ မနက် ၁၀နာရီ ၁၅မိနစ်အချိန်က သင်္ဃန်းကျွန်းမြို့နယ်၊သုဝဏ္ဏ ၂၅ရပ်ကွက်၊ပိတောက် မြိုင်လမ်းနှင့် မီးဒုံးလမ်းကြားအရောက်တွင် အငှါးယာဉ်တစ်စီးပေါ်၌ လက်လုပ်ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွါးခဲ့ပါသည်။

ပေါက်ကွဲမှုကြောင့် အငှါးယာဉ်ပေါ်တွင် စီးနင်းလိုက်လာသူ အသက် ၂၂နှစ်အရွယ် မောင်ပြည့်စုံသည် လက်​ချောင်းများ ​၊ ​ခြေ​ထောက်များထိခိုက်ပြီး ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရပါသည်။

ထို့အတူ အငှါးယာဉ်မောင်းနေလင်းဦးတွင် လည်း ​ခြေ​ထောက်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် နှစ်ဦးစလုံးကို သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ကုသထားကြောင်း သိရှိရပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here