အသက်၁၀၀ကျော်ထိ အသက်ရှည်ရှည်နေနိုင်ခဲ့တဲ့ ပဲခူးတိုင်းက အဘွားဒေါ်ထွေး
0
203
အသက်၁၀၀ကျော်ထိ အသက်ရှည်ရှည်နေနိုင်ခဲ့တဲ့ ပဲခူးတိုင်းက အဘွားဒေါ်ထွေး
Unicode
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အသက်၁၀၀ကျော်အောင် အသက်ရှည်နေထိုင်လျက် ရှိတဲ့သူကတော့ အဘွားဒေါ်ထွေး ပဲဖြစ်ပါတယ်။ အသက်၁၀၀ကျော်အောင် နေထိုင်နိုင်ဖို့ အစားအသောက်တွေ၊ ကျန်းမာရေးတွေ ဘယ်လိုဂရုစိုက်ဖြစ်လဲလို့ မေးကြည့်တဲ့ အခါမှာတော့ အဘွားကအခုလိုပဲပြောပြခဲ့ပါတယ်။
“ အဘွားအခုလို အသက်၁၀၀ကျော်ထိနေနိုင်တာ အဘွားသားသမီးတွေ ရဲ့ကျေးဇူးကြောင့်ပါ။ သမီးတွေက အဘွားကိုအရမ်း ဂရုစိုက် ကြတယ် ။အစားအသောက်တွေ၊ ကျန်းမာရေးအတွက် ဆေးဝါးတွေ၊ နေတာထိုင်တာ သတိနဲ့နေဖို့ သမီးတွေက အမြဲဘေးနားကနေ ဂရုစိုက် ပေးတယ်။ အဘွားအခု အစားအသောက်စားရင် ပဲသီးကြော်ဆိုလည်း နူးနူးလေးကြော်ရင် စားလို့ရတယ်။ သွားတွေကလည်း အကုန်မရှိတော့ အသားငါးတွေ မစားဖြစ်ဘူး။ ကျန်းမာရေးကတော့ သွေးတိုးနည်းနည်း ရှိတော့ဆင်ခြင် ရတာတွေရှိတယ်။ အခုချိန်ထိဒီလို အသက်အရွယ်ထိ နေရတာကို ကိုယ့်ကိုယ်ကိုယ် ကံကောင်းတာလို့ထင်မိပါတယ်။”
Zaw Gyi
LEAVE A REPLY
Please enter your comment!
Please enter your name here