အောက်တိုဘာလဆန်းကစပြီး ရန်ကုန်မြို့တွင် ဖျားနာသူပိုများလာ

0
142

အောက်တိုဘာလဆန်းကစပြီး ရန်ကုန်မြို့တွင် ဖျားနာသူပိုများလာ

အောက်တိုဘာလဆန်းကစပြီး ရန်ကုန်မြို့မှာ ဖျားနာသူတွေပိုများလာပါတယ်။နှာစေး၊ချောင်းဆိုး၊ကိုယ်ပူ ၊လည် ချောင်းနာ စတဲ့ လက္ခဏာတွေ ခံစားရပြီး သူတို့ကို စစ်ကြည့်တဲ့အခါမှာလည်း Covid Negative ပဲ တွေ့ရတယ်လို့ ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဌ ဦးထွန်းထွန်းဦးကပြောပါတယ်။

ရန်ကင်း TTC ကိုဗစ်ကုသရေးဌာနမှာ ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့ ရှင်သန်မှုကူညီရေးအသင်းဥက္ကဌက “ဒီရက်ပိုင်းမှာ ဖျားနာတဲ့လူများပြီး စင်တာကို လာပြကြတဲ့သူများတယ် ။ဒါပေမယ့် စစ်ကြည့်လိုက်ရင် Negative ပဲပြတယ်။သူတို့ကို စင်တာမှာ ၃ရက်လောက်နေခိုင်းပြီး အခြေအနေကြည့်ပြီးမှ အိမ်ပြန်လွှတ်ပေးတယ်” လို့ ပြောပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ အခုလိုတွေဖြစ်နေကြတာ ပိုများလာတာတွေ့ရပါတယ်။

ချောင်းဆိုးတာ၊လည်ချောင်းယားယံတာတွေ အဓိကခံစားရတယ်လို့ ဒေါပုံမြို့ခံတစ်ဦးကပြောပါတယ်။

“ဒီရက်ထဲ ဆေးဆိုင်တွေမှာ လူနည်းနည်းပိုကျနေတာရှိတယ်။ဆေးခန်းတွေမှာလည်း ပြတဲ့သူတွေများလာတယ်”လို့ သူက ပြောပါတယ်။

လူမှုကွန်ယက်ပေါ်မှာတော့ အခုလိုဖျားနာတာတွေအပေါ်မှာ ထင်မြင်ချက်အချို့ကိုရေးသားနေတာတွေရှိပြီး ဒီလိုဖျားနာတာတွေဟာ ကိုဗစ်မဟုတ်ဘဲ ရာသီတုပ်ကွေးဖြစ်တယ်လို့ ပြောဆိုနေတာတွေလည်းရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here