မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီအချို့ နက်ဖြန်တွေ့မည်

0
136

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီအချို့ နက်ဖြန်တွေ့မည်

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ခြေလှမ်းအစအဖြစ် နက်ဖြန်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၈ခုနှင့် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်တို့နေပြည်တော်တွင် တွေ့ဆုံကြမည်ဖြစ်သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က မနက်ဖြန်ဥက္ကဋ္ဌတက်မှာပါ

နေ့လည်လို့အကြမ်းဖျင်းသိရပါတယ်လို့ပြောပါသည်။

ဖိတ်ကြားခံရသည့်ပါတီ(၈)ခုရှိသည်ဟု ကနဦးသတင်းများအရသိရပြီး ထိုထဲရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့်ရခိုင်ဦးဆောင်ပါတီတို့ပါဝင်သည်ဟုသိရကာ အဆိုပါ ပါတီ(၂)ခုစလုံးမှ ခေါင်းဆောင်များက အာဆီယံအထူးကိုယ်စားလှယ်နှင့်၎င်းတို့တွေ့ဆုံမည်ဆိုသည်မှာ မှန်ကန်ကြောင်းပြောကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here