Ask Us Anything ရသစုံရှိုးမှာ Penthouse ဒရာမာထဲက သရုပ်ဆောင် ၃ယောက်ပါဝင်မည်

0
138

Ask Us Anything ရသစုံရှိုးမှာ Penthouse ဒရာမာထဲက သရုပ်ဆောင် ၃ယောက်ပါဝင်မည်

Unicode

Penthouse ရဲ့ ဆယ်ကျော်သက်သရုပ်ဆောင် လေးတွေဖြစ်တဲ့ Jin Ji Hee(ဂျင်းနီ)၊ Choi Ye Bin(အွန်ဗြော) နဲ့ Kin Hyun Soo(ရိုနာ) တို့ဟာ Ask Us Anything ရသစုံရှိုးမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ကြမှာပါ။

ဒီရှိုးထဲမှာ သူတို့ ၃ယောက်ဟာ Penthouse ဒရာမာ သရုပ်ဆောင်ခဲ့တဲ့ ဂန္တဝင်အော်ပရာသီချင်းကို lip synced လုပ်ပြီး သူတို့ရဲ့ ကျွမ်းကျင်မှုကိုပြသပါလိမ့်မယ်။

Ask us Anything ဟာ ၂၀၁၅ ခုနှစ်ကတည်းက ထုတ်လွှင့်ပြသခဲ့တဲ့ ရသစုံရှိုးဖြစ်ပြီး ဒီရှိုးမှာတော့ ပါဝင်တဲ့ guest တွေဟာ ရှိုးရဲ့ Host တွေနဲ့ ယှဉ်ပြိုင်ပြီး ဆုဖလားရအောင် ယူရမှာပါ။

အောက်တိုဘာ ၁၆ရက်နေ့မှာ ပြသမယ့် Ask us Anything အပိုင်းသစ်အတွက် preview ကိုလည်း ပြသထားပြီး ဂျင်းနီ၊အွန်ဗြောနဲ့ ရိုနာတို့ရဲ့ ငယ်ရွယ်သွက်လက်မှုတွေကို မြင်တွေ့ရမှာပါ။

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here