သမိုင်းလမ်းဆုံCity Mart ရှေ့ပေါက်ကွဲမှု Grab ပစ္စည်းပို့သူ ထိခိုက်ဒဏ်ရာရသွား

0
138

သမိုင်းလမ်းဆုံCity Mart ရှေ့ပေါက်ကွဲမှု Grab ပစ္စည်းပို့သူ ထိခိုက်ဒဏ်ရာရသွား

ရန်ကုန် အောက်တိုဘာ ၁၂ရက်

ရန်ကုန် မရမ်းကုန်း အင်းစိန်လမ်းနှင့်သမိုင်းဘူတာရုံလမ်းထောင့်၊သမိုင်းလမ်းဆုံရှိ City Mart ဝင်/ထွက်ပေါက်ရှေ့တွင်ယမန်နေ့ နေ့လည် ၁နာရီ ၄၀ မိနစ်အချိန်ခန့်ကပေါက်ကွဲမှုဖြစ်ပွါးခဲ့ရာ အလျား(၅)ပေ၊ အနံ(၁၂)ပေခန့်ရှိ City Mart မှန်(၂)ချပ်ကွဲအက်ပျက်ဆီးခဲ့သည့်အပြင် Grab ပစ္စည်းပို့သူပါ ထိခိုက်ဒဏ်ရာရသွားခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်မှာ City Mart ဝင်/ထွက်ပေါက်ရှေ့လမ်းဘေးပလက်ဖေါင်းပေါ်ရပ်ထားသည့် Food Panda စက်ဘီးအနီးမှပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ပုဇွန်တောင်မြို့နယ်နေအသက်၂၅နှစ်အရွယ် Grab ပစ္စည်းပို့သူ၏ ဝဲမျက်ခုံး ပွန်းပဲ့ဒဏ်ရာ(၁)ချက်၊ယာအောက်မျက်ခမ်းပွန်းပဲ့ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ရရှိသွားသည်။

ဝင်/ထွက် ပေါက်ရှေ့ ပလက်ဖောင်းပေါ်တွင်ရပ်ထားသည့် ပစ္စည်းပို့သည့်စက်ဘီး(၄)စီး လည်း အနည်းငယ် ပျက်ဆီးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here