ထိုင်းတွင် နိုဝင်ဘာ ၁ ရက်မှစ၍ နိုင်ငံခြားခရီးသွားများလက်ခံမည်

0
181

ထိုင်းတွင် နိုဝင်ဘာ ၁ ရက်မှစ၍ နိုင်ငံခြားခရီးသွားများလက်ခံမည်

ဝန်ကြီးချုပ်ပရာယွတ်က နိုဝင်ဘာ ၁ရက်တွင် ကိုဗစ်နဲ့ပတ်သက်၍အန္တရာယ် အနည်းဆုံးဖြစ်နိုင်မည့် ၁၀ နိုင်ငံမှဆေးထိုးပြီးသား နိုင်ငံခြားခရီးသွားများအား နိုင်ငံတွင်းဝင်ခွင့် ပေးနိုင်‌ရေးလုပ်ဆောင်မည်ဟု ယမန်နေ့ကပြောကြားခဲ့သည်။

လာမည့်ပိတ်ရက်များအပါအဝင်နှစ်ကုန်၌ထိုင်းနိုင်ငံသို့နိုင်ငံခြားခရီးသွားများလာကြလိမ့်မည်ဟုမျှော်လင့်ထားကြသည်။

ထိုင်းနိုင်ငံသားများ ၏စီးပွားရေးတွေကိုပြန်လည်အားဖြည့်ပေးဖို့ ယခုကဲ့သို့ တိုင်းပြည်ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း ဆိုပါသည်။

ဒီဇင်ဘာ ၁ ရက်တွင်မူအရက်ရောင်းချခြင်းနှင့်အခြားဖျော်ဖြေရေးနေရာများအားခွင့်ပြုလိမ့်မည်ဖြစ်ပြီး နှစ်သစ်ကူးကာလကို ပြန်လည် စည်ကားအောင်လုပ်ဆောင်မည်ဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ ဝင်ငွေရှာဖွေရေးတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါလျက်ရှိရာ တိုင်းပြည် GDP ၏ ၂၀% သည် ခရီးသွားလုပ်ငန်းမှ ဝင်ခြင်းဖြစ်သည်။

ယခုနှစ်တွင် နိုင်ငံခြားသား နှစ်သိန်းခန့်သာ ဝင်သော်လည်းလာတော့မည့်နှစ်တွင် နိုင်ငံခြားသား ၆သန်းခန့် ဝင်နိုင်သည်ဟု ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံ၏နေရာအတော်များများတွင်ကိုဗစ်ကူးစက်မှုနှုန်းကျကာ အခြေအနေတိုးတက်ကောင်းမွန်‌နေသော်လည်း ကူးစက်မှုအသစ်များသည်နိုင်ငံ တောင်ပိုင်းဒေသများတွင် ရှိဆဲဖြစ်၍ကာကွယ်ရေးအစီအမံများလုပ်ဆောင်နေဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here