ဝန်ဆောင်ခ ၃၀၀ ကျပ်သာကျသင့်မယ့် အဆင့်မြင့်ဝန်ဆောင်မှုကို မြန်မာ့စာတိုက် စတင်လုပ်ဆောင်

0
151

ဝန်ဆောင်ခ ၃၀၀ ကျပ်သာကျသင့်မယ့် အဆင့်မြင့်ဝန်ဆောင်မှုကို မြန်မာ့စာတိုက် စတင်လုပ်ဆောင်

မြန်မာ့စာတိုက်မှ ဝန်ဆောင်ခ ငွေကျပ် ၃၀၀သာ ကျသင့်မယ့် အဆင့်မြင့်ဝန်ဆောင်မှုတစ်ခုဖြစ် တဲ့ Smart Parcel Locker တွေကို နေပြည် တော်အပါအဝင် စာ တိုက် ၇ခုမှာ ဝန်ဆောင်မှု ပေးနေတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

ဝန်ဆောင်မှုပေးနေတဲ့ စာတိုက်တွေကတော့ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာ တိုက်ကြီး၊ ဗဟန်းစာတိုက်၊လှိုင်စာတိုက်၊ ကမာရွတ်စာတိုက်၊ ရန်ကင်းစာတိုက်နဲ့ မြောက်ဒဂုံစာတိုက်တို့ ဖြစ်ပါတယ်။

တိုးချဲ့ဆောင်ရွက်သွားမယ့် နေရာတွေနဲ့ စာတိုက်တွေကိုလည်း ထပ်မံ ကြေငြာပေးသွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

Smart Parcel Locker တွေကို အသုံးပြုခြင်းအားဖြင့် အချိန်နဲ့တပြေးညီ အကြောင်းကြားခြင်း၊အချိန်မရွေး ကိုယ်တိုင်ထုတ်ယူနိုင်ခြင်း၊ ၃ရက်အထိ အသုံးပြုနိုင်ခြင်း၊ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုရှိခြင်းနဲ့ စျေးနှုန်းသက်သာခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here