0
193

နာမည်ကြီး brand တွေရဲ့ Global Ambassador အဖြစ် ရွေးချယ်ခံရတဲ့ K Pop အနုပညာရှင်များ

Unicode

K Pop အနုပညာရှင်တွေရဲ့ အောင်မြင်မှုဟာ ကိုရီးယားတင်မဟုတ်ပဲ တကမ္ဘာလုံးကပါ အသိ အမှတ်ပြုရတဲ့ အထိအောင်မြင်ကာ နိုင်ငံတကာ ပရိတ်သတ်ရဲ့ အားပေးထောက်ခံမှုတွေကိုလည်း ရရှိထားကြပါတယ်။

ဒါကြောင့်လည်း Luxury Brand တွေက သူတို့ရဲ့ ကုန်ပစ္စည်း ရောင်းအားတက်စေဖို့နဲ့ နိုင်ငံ တကာကို ထိုးဖောက်ဖို့အတွက် K Pop အနုပညာရှင်တွေကို Global Ambassadorအဖြစ် ခန့်အပ်လာကြပါတယ်။

Luxury Brand တွေရဲ့ Global Ambassador အဖြစ် ခန့်အပ်ထားတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

-Paris Fashion Week မှာ အားလုံးရဲ့ အာရုံကို ဖမ်းစားခဲ့တဲ့ BlackPink အဖွဲ့ဝင် Jisoo ကတော့ Dior ရဲ့ Global Ambassador အဖြစ်
ရွေးချယ်ခံရသူပါ။

YG Entertainment ကထွက်ရင် Dior ကိုလာခဲ့ပါလို့တောင် ကမ်းလှမ်းခြင်း ခံရသူပါ။

-BlackPink အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ကတော့ နာမည်ကြီး BVLGARI brand ရဲ့ Global Ambassador အဖြစ် ခန့်အပ်ခြင်းခံရသူပါ။

အောက်တိုဘာ ပထမအပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ BVLGARI ရဲ့ Show ကို YG ကတက်ရောက်ခွင့်မပြုလို့ ပရိသတ်တွေဟာ Lisa ဘက်ကနေ ထောက်ခံကာ YG Entertainment ကို ဝေဖန်ခဲ့ကြပါသေးတယ်။

-နာမည်ကြီး CHANEL ရဲ့ Global Ambassador အဖြစ် ရွေးချယ်ခံရတာကတော့ BlackPink အဖွဲ့ဝင် Jennie ပါ။

Paris Fashion Week ကိုလည်း CHANEL ရဲ့ Global Ambassador အဖြစ် တက်ရောက်ခဲ့ပါသေးတယ်။

-BlackPink အဖွဲ့ဝင် Rose ကိုလည်း မေ့ထားလို့မရပါဘူးနော်။သူမကတော့ TIFFANY & Co. ရဲ့ Global Ambassador အဖြစ် ခန့်အပ်ခံထားရသူပါ။

Rose ကလည်း Paris Fashion Week ကို TIFFANY & Co. ရဲ့ Global Ambassador အဖြစ် တက်ရောက်ခဲ့ပါသေးတယ်။

-ဆယ်ကျော်သက်တွေရဲ့ အသဲစွဲ BTS အဖွဲ့ကတော့ Louis Vuitton ရဲ့ Global Ambassador အဖြစ် ရွေးချယ် ခံရသူပါ။

BTS ကိုရွေးချယ်တာဟာ BTS အဖွဲ့တွေဝတ်ဆင်လိုက်တဲ့ LV တံဆိပ် အင်္ကျီတွေဟာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တာတွေကြောင့်လို့ ဆိုထားပါတယ်။

မကြာခင်ကလည်း LV ဟာ Squid Game ထဲက သရုပ်ဆောင် Jung Ho Yeon ကိုလည်း Global Ambassador အဖြစ် ရွေးချယ်ခဲ့ပါသေးတယ်။

-နှုတ်ခမ်းနီမလေးတွေ အရမ်းကြိုက်တဲ့ Astro အဖွဲ့ဝင် Cha Eun Woo ကတော့ Burberry Brand ရဲ့ Global Ambassador အဖြစ် ခန့်အပ်ခံထားရသူပါ။

Fashion brand တစ်ခုရဲ့ Ambassador ဖြစ်ဖို့ဟာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်ပြီး အခုလို ရွေးချယ်ခံခဲ့ရတဲ့အပေါ် သူ့မိသားစုကလည်း အံ့ဩခဲ့ကြောင်း Cha Eun Woo က ပြောဆိုခဲ့ပါတယ်။

-Exo ရဲ့ အဖွဲ့ဝင် Kai ကတော့ Gucci Brand ရဲ့ Global Ambassador အဖြစ် ရွေးချယ် ခံထားရသူပါ။

Kai ဟာ Gucci ရဲ့ Global Ambassador ဖြစ်သလို Bobbi Brown ရဲ့ First male muse နဲ့
Blackyark ရဲ့ မော်ဒယ်တယောက်လည်း ဖြစ်ပါတယ်။

-Givenchy ရဲ့ Global Ambassador အဖြစ် ရွေးချယ်ခံထားရသူကတော့ ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ Aespa ပါ။

Aespa အဖွဲ့ဟာ တခြားသော make up brand တွေနဲ့ Fashion တံဆိပ်ရဲ့ ကြေငြာတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

Zaw Gyi

နာမည္ႀကီး brand ေတြရဲ႕ Global Ambassador အျဖစ္ ေ႐ြးခ်ယ္ခံရတဲ့ K Pop အႏုပညာရွင္မ်ား

K Pop အႏုပညာရွင္ေတြရဲ႕ ေအာင္ျမင္မႈဟာ ကိုရီးယားတင္မဟုတ္ပဲ တကမာၻလုံးကပါ အသိ အမွတ္ျပဳရတဲ့ အထိေအာင္ျမင္ကာ ႏိုင္ငံတကာပရိတ္သတ္ရဲ႕ အားေပးေထာက္ခံမႈေတြကိုလည္း ရရွိထားၾကပါတယ္။

ဒါေၾကာင့္လည္း Luxury Brand ေတြက သူတို႔ရဲ႕ ကုန္ပစၥည္း ေရာင္းအားတက္ေစဖို႔နဲ႔ ႏိုင္ငံ တကာကို ထိုးေဖာက္ဖို႔အတြက္ K Pop အႏုပညာရွင္ေတြကို Global Ambassadorအျဖစ္ ခန္႔အပ္လာၾကပါတယ္။

Luxury Brand ေတြရဲ႕ Global Ambassador အျဖစ္ ခန္႔အပ္ထားတဲ့ အႏုပညာရွင္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

-Paris Fashion Week မွာ အားလုံးရဲ႕ အာ႐ုံကို ဖမ္းစားခဲ့တဲ့ BlackPink အဖြဲ႕ဝင္ Jisoo ကေတာ့ Dior ရဲ႕ Global Ambassador အျဖစ္
ေ႐ြးခ်ယ္ခံရသူပါ။

YG Entertainment ကထြက္ရင္ Dior ကိုလာခဲ့ပါလို႔ေတာင္ ကမ္းလွမ္းျခင္း ခံရသူပါ။

-BlackPink အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Lisa ကေတာ့ နာမည္ႀကီး BVLGARI brand ရဲ႕ Global Ambassador အျဖစ္ ခန္႔အပ္ျခင္းခံရသူပါ။

ေအာက္တိုဘာ ပထမအပတ္ထဲမွာ ျပဳလုပ္ခဲ့တဲ့ BVLGARI ရဲ႕ Show ကို YG ကတက္ေရာက္ခြင့္မျပဳလို႔ ပရိသတ္ေတြဟာ Lisa ဘက္ကေန ေထာက္ခံကာ YG Entertainment ကို ေဝဖန္ခဲ့ၾကပါေသးတယ္။

-နာမည္ႀကီး CHANEL ရဲ႕ Global Ambassador အျဖစ္ ေ႐ြးခ်ယ္ခံရတာကေတာ့ BlackPink အဖြဲ႕ဝင္ Jennie ပါ။

Paris Fashion Week ကိုလည္း CHANEL ရဲ႕ Global Ambassador အျဖစ္ တက္ေရာက္ခဲ့ပါေသးတယ္။

-BlackPink အဖြဲ႕ဝင္ Rose ကိုလည္း ေမ့ထားလို႔မရပါဘူးေနာ္။သူမကေတာ့ TIFFANY & Co. ရဲ႕ Global Ambassador အျဖစ္ ခန္႔အပ္ခံထားရသူပါ။

Rose ကလည္း Paris Fashion Week ကို TIFFANY & Co. ရဲ႕ Global Ambassador အျဖစ္ တက္ေရာက္ခဲ့ပါေသးတယ္။

-ဆယ္ေက်ာ္သက္ေတြရဲ႕ အသဲစြဲ BTS အဖြဲ႕ကေတာ့ Louis Vuitton ရဲ႕ Global Ambassador အျဖစ္ ေ႐ြးခ်ယ္ ခံရသူပါ။

BTS ကိုေ႐ြးခ်ယ္တာဟာ BTS အဖြဲ႕ေတြဝတ္ဆင္လိုက္တဲ့ LV တံဆိပ္ အက်ႌေတြဟာ ေရာင္းအားအေကာင္းဆုံးျဖစ္ခဲ့တာေတြေၾကာင့္လို႔ ဆိုထားပါတယ္။

မၾကာခင္ကလည္း LV ဟာ Squid Game ထဲက သ႐ုပ္ေဆာင္ Jung Ho Yeon ကိုလည္း Global Ambassador အျဖစ္ ေ႐ြးခ်ယ္ခဲ့ပါေသးတယ္။

-ႏႈတ္ခမ္းနီမေလးေတြ အရမ္းႀကိဳက္တဲ့ Astro အဖြဲ႕ဝင္ Cha Eun Woo ကေတာ့ Burberry Brand ရဲ႕ Global Ambassador အျဖစ္ ခန္႔အပ္ခံထားရသူပါ။

Fashion brand တစ္ခုရဲ႕ Ambassador ျဖစ္ဖို႔ဟာ သူ႔ရဲ႕ ရည္မွန္းခ်က္ျဖစ္ၿပီး အခုလို ေ႐ြးခ်ယ္ခံခဲ့ရတဲ့အေပၚ သူ႔မိသားစုကလည္း အံ့ဩခဲ့ေၾကာင္း Cha Eun Woo က ေျပာဆိုခဲ့ပါတယ္။

-Exo ရဲ႕ အဖြဲ႕ဝင္ Kai ကေတာ့ Gucci Brand ရဲ႕ Global Ambassador အျဖစ္ ေ႐ြးခ်ယ္ ခံထားရသူပါ။

Kai ဟာ Gucci ရဲ႕ Global Ambassador ျဖစ္သလို Bobbi Brown ရဲ႕ First male muse နဲ႔
Blackyark ရဲ႕ ေမာ္ဒယ္တေယာက္လည္း ျဖစ္ပါတယ္။

-Givenchy ရဲ႕ Global Ambassador အျဖစ္ ေ႐ြးခ်ယ္ခံထားရသူကေတာ့ ကိုရီးယားအမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ Aespa ပါ။

Aespa အဖြဲ႕ဟာ တျခားေသာ make up brand ေတြနဲ႔ Fashion တံဆိပ္ရဲ႕ ေၾကျငာေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ အဖြဲ႕လည္းျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here