မြန်မာနိုင်ငံမှ ကျောင်းသားလူငယ်များအား ထိုးနှံပေးမည့်Sinovac ကိုဗစ်ကာကွယ်ဆေး ၁သန်းရောက်ရှိလာ

0
219

မြန်မာနိုင်ငံမှ ကျောင်းသားလူငယ်များအား ထိုးနှံပေးမည့်Sinovac ကိုဗစ်ကာကွယ်ဆေး ၁သန်းရောက်ရှိလာ

ရန်ကုန်၊အောက်တိုဘာ၁၄ရက်

အသက်၁၂နှစ်နှင့် အထက် အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းသား၊သူများအား ထိုးနှံပေးမည့် Sinovac ကိုဗစ်ကာကွယ်ဆေး ၁သန်းသည် အောက်တိုဘာလ ၁၃ရက်ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။

အဆိုပါဆေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေးတစ်သန်းဖြစ်ကာ ကာကွယ်ဆေးနှင့်အတူ ဆေးထိုးအပ် ၁သန်းကျော်ကိုလည်း တရုတ်က မြန်မာကိုလှူခဲ့သည်။

နေပြည်တော်ရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများကို အောက်တိုဘာ ၁၂ရက်ကတည်းက ကာကွယ်ဆေးစတင်ထိုးနှံပေးနေပြီး တစ်နိုင်ငံလုံးက ကျောင်းသား၊ကျောင်းသူများကို အောက်တိုဘာ ၁၆ရက်ကစပြီး ထိုးနှံပေးသွားရန် ကျန်းမာရေးဝန်ကြီးဌာနကစီစဉ်နေသည်။

၁၃-၁၀-၂၀၂၁ နေ့အထိ မြန်မာနိုင်ငံသို့ ကာကွယ်ဆေးများ ရောက်ရှိလာမှုအနေ ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVIDSHIELD နှစ်သန်း၊ Sinopharm ၁၄သန်း၊ Sinovac နှစ်သန်း စုစုပေါင်း ၁၈သန်း doses ရောက်ရှိပြီးဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses ခုနစ်သန်းကျော်အား လည်း လက်ခံရရှိပြီးဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စု များသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၂-၁၀-၂၀၂၁)ရက်နေ့ အထိ လူဦးရေစုစုပေါင်း ၁၀၅၉၁၆၀၉ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ် ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၄၂၀၁၆၃၀ နှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆၃၈၉၉၇၉ ဦး ရှိပြီ ဖြစ်သည်။

သို့ဖြစ်ပါ၍ (၁၂-၁၀-၂၀၂၁) ရက်နေ့အထိမြန်မာနိုင်ငံတွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၄၇၉၃၂၃၉ ကြိမ် ထိုးနှံပြီး ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here