အမေရိကန်၊အိန္ဒိယ၊ဂျပန်နှင့်သြစတြေးလျတို့ပါဝင်သည့်Quad အဖွဲ့၏ Malabar 21 စစ်ရေးလေ့ကျင့်မှု မြန်မာ့ရေပိုင်နက်အနီး ပြုလုပ်လျက်ရှိ

0
192

အမေရိကန်၊အိန္ဒိယ၊ဂျပန်နှင့်သြစတြေးလျတို့ပါဝင်သည့်Quad အဖွဲ့၏ Malabar 21 စစ်ရေးလေ့ကျင့်မှု မြန်မာ့ရေပိုင်နက်အနီး ပြုလုပ်လျက်ရှိ

မြန်မာ့ရေပိုင်နက်အနီး ဘင်္ဂလားပင်လယ်အော်တွင် အောက်တိုဘာ ၁၂ ရက်မှ စတင်ပြီးအမေရိကန် ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့ပါဝင်သည့် Quad အဖွဲ့က Malabar 21 ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို ပြုလုပ်နေသည်။

သြဂုတ်လနောက်ဆုံးပါတ်က ဖိလစ်ပိုင်ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို ပြုလုပ်ပြီးနောက် ဘင်္ဂလားပင်လယ်အော်တွင် ယခု ဒုတိယအဆင့် စစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်နေခြင်းဖြစ်သည်။

အမေရိကန် လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson ဦးဆောင်ပြီးဆော်ရွက်နေသည့် ယင်းစစ်ရေးလေ့ကျင့်မှုမှာ အောက်တိုဘာ ၁၅ရက်တွင်ပြီးစီးမည်ဖြစ်သည်။

ယခုအောက်တိုဘာ ၁၁ရက်ကစပြီး အောက်တိုဘာ ၁၅ ရက်နေ့ မြန်မာနိုင်ငံ မြိတ်လေတပ်စခန်းချုပ်ကလည်း လက်တွေ့ပစ်ခတ်မှုများ လေ့ကျင့်နေသည်။

မြန်မာပိုင်နက် ကုလားကျွန်းနှင့် ကျွန်းဆင်းရဲတို့အကြား နံနက် ၈နာရီမှ နေ့လည် ၃နာရီခွဲ အချိန်ထိ ဝေဟင်-မြေပြင် လက်တွေ့ပစ်ခတ်မှုများအား လေ့ကျင့်ပစ်ခတ်နေပြီး ရေယာဉ်များ လုံးဝဖြတ်သန်းခွင့် မပြုကြဖို့နှင့် မြိတ်မှထွက်ခွါမည့် ရေယာဉ်များ ကော့မွှေးကျွန်းကို လက်ဝဲဘက်ရေမိုင်(၁)မိုင်အကွာမှ ဖြတ်သန်းသွားလာရန်၊ကျွန်းစုမှ ထွက် ခွါမည့် ရေယာဉ်များ ကော့မွှေးကျွန်းကို လက် ယာဘက်ရေမိုင်(၁)မိုင်အကွာမှ ဖြတ်သန်းသွားလာရန်တို့ကိုလည်း အသိပေးထားသည့်အပြင် ရေယာဉ်ကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ငါးဖမ်းသင်္ဘောများ၊ အပျော်စီးခရီးသွားလှေများ၊စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ကျောက်ချရပ်နားခြင်း၊ငါးဖမ်းဆီးခြင်း၊ငါးဖမ်းကိရိယာများနှင့် အထောက်အကူပြု ပစ္စည်းများချထားခြင်းမပြုကြရန်လည်း အသိပေးထားပြီး အဆိုပါ ဧရိယာအနီးမှ လွတ်ကင်းစွာ သတိပြုမောင်းနှင်သွားကြရန်လည်း တနင်္သာရီတိုင်းဒေသကြီး၊ရေကြောင်းပိုဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး နှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here