အသက်၁၀၀ကျော်ပေမယ့် အမေကအခုထိ ကျန်းမာရေးကောင်းတုန်းပါ။
0
411
အသက်၁၀၀ကျော်ပေမယ့် အမေကအခုထိ ကျန်းမာရေးကောင်းတုန်းပါ။
Unicode
သားနဲ့သမီးတွေရဲ့ ဂရုစိုက်မှုကြောင့် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ နေထိုင်တဲ့ အဘွားဒေါ်ထွေးဟာ မြန်မာနိုင်ငံမှာ အသက် အရှည်ဆုံး အဘွားအဖြစ် နိုင်ငံတော်က အသိမှတ်ပြုခဲ့ကြပါတယ်။ မိခင်ဖြစ်သူဒေါ်ထွေးကို အခုလို အသက်ရှည် အဘွား တစ်ယောက် အဖြစ် အသိမှတ်ပြုခဲ့တာကို ကျေးဇူးတင်တယ်လို့ အဘွားဒေါ်ထွေးရဲ့သမီးဖြစ်သူက အခုလိုပဲပြောခဲ့ပါတယ်။
“ အန်တီကတော့ အဘွားရဲ့သမီးထဲက တစ်ယောက်ပါ။ အမေ့ကိုပြုစုစောင့်ရှောက်နေတာ ကြာပါပြီ။ တခြား မောင်နှမဝင်တွေ ကတော့ အိမ်ထောင်ကျတဲ့သူကကျ ဆိုတော့ အမေနဲ့တူတူမနေကြတော့ဘူး။ အန်တီကတော့ အမေ့နားမှာ နေပြီး အနီးကပ် ပြုစုပေးနေပါတယ်။ အမေ့နားမှာနေပြီး တနေ့တာကို အမေစားချင်တာကို လုပ်ပေးတယ်။ အသီးအရွက်လေးတွေ ချက်စားရင် ပဲသီးကြော်လေးတွေ၊ ကန်စွန်းရွက်ကြော်လေးတွေကို နူးနေအောင်ကြော်ပေးတယ်။ ဆေးတိုက်ချိန် ဆေးတိုက်တယ်။ ဘုရားတရားလုပ်မယ့် အချိန်ဆို ဘေးနားကနေ လုပ်စရာရှိတာ ဝိုင်းလုပ်ပေးတယ်။ ဘာပဲပြောပြောအမေ့ကို ဒီအသက်အရွယ်ထိ ​ပြုစုစောင့်ရှောက်ခွင့် ရတဲ့အတွက် ကျေးဇူး တင်ပါတယ်။” လို့ပြောပါတယ်။
Zaw Gyi
LEAVE A REPLY
Please enter your comment!
Please enter your name here