တောင်ကြီးတွင် RC(၁)ထပ်တိုက် ပြုပြင်နေစဉ် အမိုးပြိုကျပြီး ၁ဦးသေသွား

0
167

တောင်ကြီးတွင် RC(၁)ထပ်တိုက် ပြုပြင်နေစဉ် အမိုးပြိုကျပြီး ၁ဦးသေသွား

တောင်ကြီး၊အောက်တိုဘာ၁၄ရက်

ယနေ့ နေ့လည် ၁နာရီခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ နယ်မြေ(၆)၊ ဇောတိကလမ်းတွင် တိုက်အမိုးပြိုကျမှုဖြစ်ခဲ့သည်။

RC(၁)ထပ်တိုက်အား ပြုပြင်နေစဉ် အမိုးပြိုကျမှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး အလုပ်သမား (၂)ဦးပေါ် ပိမိခဲ့သည်။

တောင်ကြီးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ အဆိုပါဖြစ်စဉ်ကြောင့် ကျား(၁)ဦးထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် ကျား(၁)ဦး(သေဆုံး)တို့အား ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here