PPL | ချိန်းတွေ့နေတယ် ဆိုတဲ့ ကောလဟာတွေအပေါ် BTS အဖွဲ့ဝင် V တုံပြန်

0
251

ချိန်းတွေ့နေတယ် ဆိုတဲ့ ကောလဟာတွေအပေါ် BTS အဖွဲ့ဝင် V တုံပြန်

BTS အဖွဲ့ဝင် V ဟာ မကြာခင်က Paradise Group ဥက္ကဌရဲ့ သမီးနဲ့ date နေတဲ့ ကောလဟာတွေ ထွက်ပေါ်ခဲ့ပါတယ်။

အစောပိုင်းသတင်းတွေအရ Korea Intern ational Art Fair (KIAF၊2021) ဖွင့်ပွဲအခမ်း အနားကို V ဟာ Paradise Group ရဲ့ဥက္ကဌ ဇနီးမောင်နှံနဲ့ အတူတက်ရောက်ခဲ့တာကို ပရိတ်သတ်တွေက တွေ့ခဲ့ပါတယ်။ ဥက္ကဌရဲ့သမီး ကိုလည်း Vတို့နဲ့ အတူ အခမ်းအနားမှာ တွေ့တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် V မကြာခဏဝတ်တဲ့ လက်ပတ်ဟာ Paradise Group ဥက္ကဌရဲ့ သမီးဖြစ်သူ ထုတ် လုပ်တဲ့အမှတ်တံဆိပ်တစ်ခုဖြစ်တယ်လို့လည်း အင်တာနက် အသုံးပြုသူတွေက ထင်ကြေးပေးကြပါတယ်။

ဒီသတင်းနဲ့ပတ်သတ်ပြီး HYBE Labels ရဲ့ ကိုယ်စားလှယ်တစ်ဦးက ” V နဲ့ ဥက္ကဌတို့မိသား စုဟာ မိတ်ဆွေတွေဖြစ်ကြတယ်။ ချိန်းတွေ့မှု ကောလဟာဟာ အမှန်မဟုတ်ဘူး” လို ငြင်းဆိုခဲ့ပါတယ်။

V ကလည်း ဒီသတင်းနဲ့ပတ်သတ်ပြီး Weverse မှာ သူ့ရဲ့ဒေါသနဲ့ မကျေနပ်မှုတွေကို ထုတ်ဖော်ခဲ့ပါတယ်။

ကိုရီးယားက အင်တာနက် အသုံးပြုသူတွေကလည်း အဲ့ဒီ့ ကောလဟာတွေအပေါ်မှာ မှတ်ချက်တွေ အများကြီးပေးခဲ့ကြပါတယ်။

ပရိတ်သတ်တစ်ဦးကတော့ BTS အဖွဲ့ဟာ အရင် က Paradise Hotel မှာ ဖျော်ဖြေခဲ့ဖူးပြီး Paradise Group နဲ့ အရင်ကတည်းက ဆက်ဆံရေးရှိခဲ့ကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် Paradise မိသားစုဟာ အခြားသော နာမည်ကြီးတွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြောင်းလည်း ပြောပြထားပါတယ်။

နောက်ပြီး V ဝတ်ဆင်တဲ့ လက်ပတ်နဲ့ ပတ်သက်ပြီး ၎င်းက ဆက်ရှင်းပြရာမှာတော့ Paradise ဥက္ကဌရဲ့ သမီးထုတ်လုပ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလက်ပတ်ကို အခြားနာမည် ကြီးတွေလည်း ဝတ်ဆင်ကြတယ်လို့ ရှင်းပြထားပါတယ်။

Paradise Group ဟာ Paradise City ဟိုတယ်နဲ့အပန်းဖြေ Ressort တွေကြောင့် လူသိများတဲ့ တောင်ကိုရီးယားလုပ်ငန်းစု တစ်ခုဖြစ်ပါတယ်။

Zaw Gyi

ခ်ိန္းေတြ႕ေနတယ္ ဆိုတဲ့ ေကာလဟာေတြအေပၚ BTS အဖြဲ႕ဝင္ V တုံျပန္

BTS အဖြဲ႕ဝင္ V ဟာ မၾကာခင္က Paradise Group ဥကၠဌရဲ႕ သမီးနဲ႔ date ေနတဲ့ ေကာလဟာေတြ ထြက္ေပၚခဲ့ပါတယ္။

အေစာပိုင္းသတင္းေတြအရ Korea Intern ational Art Fair (KIAF၊2021) ဖြင့္ပြဲအခမ္း အနားကို V ဟာ Paradise Group ရဲ႕ဥကၠဌ ဇနီးေမာင္ႏွံနဲ႔ အတူတက္ေရာက္ခဲ့တာကို ပရိတ္သတ္ေတြက ေတြ႕ခဲ့ပါတယ္။ ဥကၠဌရဲ႕သမီး ကိုလည္း Vတို႔နဲ႔ အတူ အခမ္းအနားမွာ ေတြ႕တယ္လို႔ ဆိုၾကပါတယ္။

ဒါ့အျပင္ V မၾကာခဏဝတ္တဲ့ လက္ပတ္ဟာ Paradise Group ဥကၠဌရဲ႕ သမီးျဖစ္သူ ထုတ္ လုပ္တဲ့အမွတ္တံဆိပ္တစ္ခုျဖစ္တယ္လို႔လည္း အင္တာနက္ အသုံးျပဳသူေတြက ထင္ေၾကးေပးၾကပါတယ္။

ဒီသတင္းနဲ႔ပတ္သတ္ၿပီး HYBE Labels ရဲ႕ ကိုယ္စားလွယ္တစ္ဦးက ” V နဲ႔ ဥကၠဌတို႔မိသား စုဟာ မိတ္ေဆြေတြျဖစ္ၾကတယ္။ ခ်ိန္းေတြ႕မႈ ေကာလဟာဟာ အမွန္မဟုတ္ဘူး” လို ျငင္းဆိုခဲ့ပါတယ္။

V ကလည္း ဒီသတင္းနဲ႔ပတ္သတ္ၿပီး Weverse မွာ သူ႔ရဲ႕ေဒါသနဲ႔ မေက်နပ္မႈေတြကို ထုတ္ေဖာ္ခဲ့ပါတယ္။

ကိုရီးယားက အင္တာနက္ အသုံးျပဳသူေတြကလည္း အဲ့ဒီ့ ေကာလဟာေတြအေပၚမွာ မွတ္ခ်က္ေတြ အမ်ားႀကီးေပးခဲ့ၾကပါတယ္။

ပရိတ္သတ္တစ္ဦးကေတာ့ BTS အဖြဲ႕ဟာ အရင္ က Paradise Hotel မွာ ေဖ်ာ္ေျဖခဲ့ဖူးၿပီး Paradise Group နဲ႔ အရင္ကတည္းက ဆက္ဆံေရးရွိခဲ့ေၾကာင္းကို လူမႈကြန္ယက္ေပၚမွာ ရွင္းျပခဲ့ပါတယ္။

ဒါ့အျပင္ Paradise မိသားစုဟာ အျခားေသာ နာမည္ႀကီးေတြနဲ႔လည္း ရင္းႏွီးတဲ့ ဆက္ဆံေရးရွိေၾကာင္းလည္း ေျပာျပထားပါတယ္။

ေနာက္ၿပီး V ဝတ္ဆင္တဲ့ လက္ပတ္နဲ႔ ပတ္သက္ၿပီး ၎က ဆက္ရွင္းျပရာမွာေတာ့ Paradise ဥကၠဌရဲ႕ သမီးထုတ္လုပ္တယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ ဒီလက္ပတ္ကို အျခားနာမည္ ႀကီးေတြလည္း ဝတ္ဆင္ၾကတယ္လို႔ ရွင္းျပထားပါတယ္။

Paradise Group ဟာ Paradise City ဟိုတယ္နဲ႔အပန္းေျဖ Ressort ေတြေၾကာင့္ လူသိမ်ားတဲ့ ေတာင္ကိုရီးယားလုပ္ငန္းစု တစ္ခုျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here