ထိုင်ဝမ်နှင့်တရုတ် ပြန်လည်ပေါင်းစည်းရေးရရှိရန်တရုတ်ကအင်အားသုံးရန်မလိုအပ်ဟုရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြား

0
165

ထိုင်ဝမ်နှင့်တရုတ် ပြန်လည်ပေါင်းစည်းရေးရရှိရန်တရုတ်ကအင်အားသုံးရန်မလိုအပ်ဟုရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြား

လက်ရှိတွင် တင်းမာနေသော တရုတ်၊ထိုင်ဝမ် အခြေနေနှင့်ပတ်သက်ပြီး ရုရှား သမ္မတ ပူတင်က “ တရုတ်ကအင်အားသုံးစရာမလိုဘူးထင်တယ်။ တရုတ်ရဲ့စီးပွားရေးက အင်အားကြီးအခြေနေမို့ ဝယ်လိုအားနှင့် ပတ်သက်ရင်လည်း တရုတ်ကအမေရိကန်ပြည်ထောင်စုထက်ကမ္ဘာ့စီးပွားရေးမှာ ခုအချိန်နံပါတ်တစ်ဖြစ်နေတာပဲ” ဟု‌ဆိုသည်။

ရုရှားသမ္မတပူတင်က တရုတ်သမ္မတရှီ၏ ထိုင်ဝမ်အပေါ်မှတ်ချက်ဖြစ်သော ငြိမ်းချမ်းသောပေါင်းစည်းရေးအဆိုကိုထောက်ပြကာ ထိုင်ဝမ်နှင့်တရုတ်တို့စစ်ရေးထိပ်တိုက်ရင်ဆိုင်ရမည့်အန္တရာယ်မရှိကြောင်းသူ့အမြင်ကို ဗုဒ္ဓဟူးနေ့ကမော်စကို၌ကျင်းပ‌နေသော Russian Energy Week ညီလာခံတွင် CNBC သတင်းဌာနသို့ ထုတ်‌ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်ကထိုင်ဝမ်ကိုခွဲထွက်ပြည်နယ်တစ်ခုအဖြစ်ရှုမြင်ပြီး ထိုင်ဝမ်ကတော့ တရုတ်နှင့်သီးခြားဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံအဖြစ် ကိုယ့်ကိုကိုယ်ခံယူထားသည်။ ၁၉၄၉ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက်ပိုင်း ထိုင်ဝမ်သည် တရုတ်ပြည်မကြီးမှခွဲထွက်ကာကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here