ဂျပန်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးနှံပြီးသူများအတွက် သီးသန့် Mask များထုတ်လုပ်ရောင်းချ

0
134

“ဂျပန်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးနှံပြီးသူများအတွက် သီးသန့် Mask များထုတ်လုပ်ရောင်းချ”

ဂျပန်နိုင်ငံကုမ္ပဏီတစ်ခုမှ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးသူများအတွက် ဆေးထိုးအပ်ပုံနှင့် ကာကွယ်ဆေးထိုးနှံပြီး ဆိုသည့်စာသားပါ Mask များကို စတင်ရောင်းချလျက်ရှိပါသည်။

ဂျပန်နိုင်ငံမြောက်ပိုင်း Yamagata ပြည်နယ်ရှိ The Goto Knit ကုမ္ပဏီတွင် ယခုလမှစတင်ကာ အွန်လိုင်းမှတစ်ဆင့်ရောင်းချခြင်းဖြစ်ပြီး တိုကျိုနှင့်အနီးအနားရှိ ပြည်သူ ၁ထောင်ဝန်းကျင်ကို ရောင်းချပြီးဖြစ်တယ်လို့သိရပါသည်။

ကုမ္ပဏီဖက်မှထုတ်ဖော်ပြောကြားချက်တစ်ခုမှာ ဝယ်ယူသူများအနေဖြင့် လူထူထပ်သောနေရာများ၊ ရထားပေါ်နှင့် ဆေးရုံဆေးခန်းများသွားရောက်ချိန်တွင် ဝတ်ဆင်သင့်ကြောင်းနှင့် မိမိအနီးအနားရှိသူတွေကို လုံခြုံစိတ်ချမှုပေးနိုင်ရန်လို့ဆိုပါသည်။

၎င်းကုမ္ပဏီရဲ့ဥက္ကဋ္ဌ Goto Tadashi က “ဂျပန်မှာရှိတဲ့ပြည်သူတွေက အခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်အတွက် စိုးရိမ်ကြောင့်ကြနေကြတုန်းပါပဲ၊ ဒီ Mask ဟာ သူတို့ကို အခြားသူတွေနဲ့ထိတွေ့ဆက်ဆံတဲ့အခါ လုံခြုံစိတ်ချမှုရရှိစေဖို့ဖြစ်တယ်” လို့ ပြောပြထားပါသည်။

Source – NHK


LEAVE A REPLY

Please enter your comment!
Please enter your name here