PN | ဗန်းမောက်မှာ ရွေကျင်းတွေ ပြိုကျလို့ ရွေလုပ်သား၆ဦး သေဆုံး

0
158

ဗန်းမောက်မှာ ရွေကျင်းတွေ ပြိုကျလို့ ရွေလုပ်သား၆ဦး သေဆုံး


စစ်ကိုင်းတိုင်း ဗန်းမောက် မြို့နယ် တုန်းပင်ကျေးရွာ အုပ်စု နားလိန်ခါးကျေးရွာ အနီးက ရွေကျင်းတွေ ပြိုကျလို့ ရွေလုပ်သား၆ဦး သေဆုံး သွားပါတယ်။

ဝက်ခေါက်ရွေမှော် အတွင်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်ဖို့ လုပ်ပိုင်ခွင့်ပေးထားတဲ့ အတောင်၁၀၀ကျော် အနက်ရှိ ကျောက်ရွေ သတ္တုတွင်း ၁၅ကျင်းထဲက ၁၂ကျင်း ပြိုကျသွားပြီး အခုလို လူသေဆုံးမှုတွေဖြစ်ခဲ့တာပါ။

ရွေကျင်းတွေပြိုကျချိန် ကျင်းအနီးလူနေဖို့ဆောက်ထားတဲ့တဲတွေပါ ရောပါပြိုကျသွားခဲ့တာရှိပါတယ်။

အောက်တိုဘာ ၁၄ရက် ည၂နာရီ အချိန် ကျင်းတွေပြိုကျမှုကြောင့် သေဆုံးသွားတဲ့ လုပ်သား အရေအတွက်ဟာ ၆ဦးရှိခဲ့ပြီး အောက်တိုဘာ ၁၅အထိ ရုပ်အလောင်းတွေကို မတွေ့ရသေးတာမို့ ဘက်ဟိုး စက်ယန္တရားတွေနဲ့ ဆက်လက် ရှာဖွေနေဆဲဖြစ်ပါတယ်။

တာဝန်ရှိသူတွေက ရွေကျင်းဟာ အတောင်၁၀၀ကျော် နက်လို့ ရှာဖွေရေးမှာ အခက်အခဲဖြစ်နေတယ်လို့ပြောပါတယ်။

Zaw Gyi

ဗန္းေမာက္မွာ ေ႐ြက်င္းေတြ ၿပိဳက်လို႔ ေ႐ြလုပ္သား၆ဦး ေသဆုံး

စစ္ကိုင္းတိုင္း ဗန္းေမာက္ၿမိဳ႕နယ္ တုန္းပင္ေက်း႐ြာအုပ္စု နားလိန္ခါးေက်း႐ြာအနီးက ေ႐ြက်င္းေတြၿပိဳက်လို႔ ေ႐ြလုပ္သား၆ဦးေသဆုံးသြားပါတယ္။

ဝက္ေခါက္ေ႐ြေမွာ္အတြင္း တစ္ႏိုင္တစ္ပိုင္ လုပ္ကိုင္စားေသာက္ဖို႔ လုပ္ပိုင္ခြင့္ေပးထားတဲ့
အေတာင္၁၀၀ေက်ာ္အနက္ရွိ ေက်ာက္ေ႐ြသတၱဳတြင္း၁၅က်င္းထဲက ၁၂က်င္းၿပိဳက်သြားၿပီး အခုလို လူေသဆုံးမႈေတြျဖစ္ခဲ့တာပါ။

ေ႐ြက်င္းေတြၿပိဳက်ခ်ိန္ က်င္းအနီးလူေနဖို႔ေဆာက္ထားတဲ့တဲေတြပါ ေရာပါၿပိဳက်သြားခဲ့တာရွိပါတယ္။

ေအာက္တိုဘာ၁၄ရက္ည၂နာရီ အခ်ိန္ က်င္းေတြၿပိဳက်မႈေၾကာင့္ ေသဆုံးသြားတဲ့ လုပ္သားအေရအတြက္ဟာ ၆ဦးရွိခဲ့ၿပီး ေအာက္တိုဘာ၁၅အထိ ႐ုပ္အေလာင္းေတြကိုမေတြ႕ရေသးတာမို႔ ဘက္ဟိုးစက္ယႏၲရားေတြနဲ႔ဆက္လက္ရွာေဖြေနဆဲျဖစ္ပါတယ္။

တာဝန္ရွိသူေတြက ေ႐ြက်င္းဟာ အေတာင္၁၀၀ေက်ာ္နက္လို႔ ရွာေဖြေရးမွာအခက္အခဲျဖစ္ေနတယ္လို႔ေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here