ရန်ကုန်-ပုသိမ်လမ်းမကြီး ဘေးတစ်လျှောက် ကျူးများအမြန်ရှင်းကြဖို့ စာများပို့

0
141

ရန်ကုန်-ပုသိမ်လမ်းမကြီး ဘေးတစ်လျှောက် ကျူးများအမြန်ရှင်းကြဖို့ စာများပို့

ရန်ကုန်၊အောက်တိုဘာ၁၈ရက်

ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အဦးနဲ့ စုပုံထားတဲ့ ပစ္စည်းတွေကို တစ်ပါတ်အတွင်းအပြီးဖယ်ရှားရှင်းလင်းဖို့မြောက်ပိုင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့က စာတွေပို့ပြီး သတိပေးတာတွေလုပ်နေတယ်လို့ စာလက်ခံရရှိထားသူတွေကပြောပြကြပါတယ်။

အောက်တိုဘာ၁၅ရက်စွဲနဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်ထိုးထားတဲ့ စာကို လက်ခံရရှိကြတာပါ။

စာထဲ ကျူးတွေဖယ်ရတာက ရန်ကုန်မြို့တော်သန့်ရှင်းသပ်ရပ်သာယာလှပရေးအတွက်လို့ပြောပါတယ်။

လှိုင်သာယာမြို့ခံတစ်ဦး”ပြီးခဲ့တဲ့ရက်တွေတုန်းက အဝေးပြေးလမ်းဘက်က ကျူးအချို့တွေကိုရှင်းတယ်။ရှင်းပြီးတာနဲ့ ခြံစည်းရိုးခတ် သွပ်အပြာကြီးတွေ ကာပစ်လိုက်ကြတယ်။ကျူးကဒ်တွေပြတာတောင်မရဘူးပြောတယ်။အရင်ကအရင် အခုကအခုလို့ပြောတယ်”လို့ ပြောပြပါတယ်။

ရန်ကုန်တိုင်းကမြို့နယ်အချို့မှာလည်း စည်ပင်သာယာနယ်နမိတ်ထဲ ကျူးကျော်ဆောက်လုပ်ထားတာတွေကို ဖယ်ရှားပေးဖို့ လိုက်လံကြေညာနေတာတွေရှိနေပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here