ယနေ့ ပြန်လွတ်လာသည့်အထဲ သတင်းထောက်အချို့၊တက်ကြွလှုပ်ရှားသူအချို့၊ကျောင်းသားခေါင်းဆောင်အချို့တွေပါ ပါ

0
252

ယနေ့ ပြန်လွတ်လာသည့်အထဲ သတင်းထောက်အချို့၊တက်ကြွလှုပ်ရှားသူအချို့၊ကျောင်းသားခေါင်းဆောင်အချို့တွေပါ ပါ

ရန်ကုန်၊အောက်တိုဘာ ၁၈ရက်

ယနေ့လွတ်မြောက်တဲ့ထဲ သတင်းထောက်အချို့အပြင် တက်ကြွလှုပ်ရှားသူအချို့တွေပါ ပါပါတယ်။

တနင်္သာရီတိုင်း မြိတ်မှာဆိုရင် မတ်လကတည်းက ဖမ်းဆီးခံခဲ့ရပြီး ၅၀၅-ကနဲ့ ထောင်၂နှစ်ချခံလိုက်ရတဲ့ DVBသတင်းထောက် ကိုကောင်းမြတ်လှိုင်ဟာ မြိတ်အကျဉ်းထောင်ကနေ အခု ပြန်လွတ်လာပါပြီ။

ဆရာ နရီမြိတ်လည်း ပြန်လွတ်တဲ့ထဲပါပါတယ်။

ပြည်မြို့က သတင်းထောက် ကိုမင်းညို၊ ကျောင်းသားခေါင်းဆောင် ကို သန့်စင်ထွန်းနဲ့ တက်ကြွလှုပ်ရှားသူကို ကျော်ကျော်ဉာဏ်ဝင်းတို့ လွတ်မြောက်တဲ့ထဲ ပါတယ်လို့လည်း မြေလတ်အသံကဖော်ပြပါတယ်။

ဒါ့အပြင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့ မင်းလှမြို့နယ်အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်းဟာ ထောင်ထဲ ၁၉၅ရက် နေခဲ့ရပြီး ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့ ပြန်လည် လွတ်မြောက်လာတာရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here