တနင်္သာရီတိုင်းအတွင်းရှိ NLDပါတီရုံး ၂ရုံး ဖောက်ခွဲဖျက်ဆီးခံရ

0
253

တနင်္သာရီတိုင်းအတွင်းရှိ NLDပါတီရုံး ၂ရုံး ဖောက်ခွဲဖျက်ဆီးခံရ

တနင်္သာရီတိုင်း မြိတ်မြို့ရှိ NLDခရိုင် ပါတီရုံးနှင့် ထားဝယ်မြို့နယ် ကရပ်ပြင်ရပ်ကွက်ရှိ NLD ထားဝယ်ခရိုင် ရုံးတို့ ယခုရက်ထဲ ဖောက်ခွဲဖျက်ဆီးမှုများခံခဲ့ရသည်။

မြိတ်NLDရုံးကို အောက်တိုဘာ ၂၀ ရက်မနက်အစောပိုင်းနှင့်ထားဝယ် NLDရုံးကို ယနေ့မနက်(၂)နာရီခွဲခန့်ကအမည်မသိသူအချို့ ဖောက်ခွဲခဲ့ကြသည်။

ဖောက်ခွဲမှုကြောင့်ထားဝယ်မြို့ရှိ ပါတီ အဆောက်အဦတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ရသည်။

မြိတ်မြို့မှာမူ ခြံစည်းရိုးထိခိုက်သွားခြင်း၊အဆောက်အဦမှန်အချို့ကွဲသွားခြင်းများဖြစ်ခဲ့သည်။

ထားဝယ်ဒေသခံတစ်ဦးက “ဗုံးပေါက်တာက အိမ်ပါတုန်တယ်”ဟု ပြောသည်။

ယခုဖြစ်ရပ်နှင့်ပတ်သတ်ပြီး မည်သည့်အဖွဲ့ကမှ ၎င်းတို့ဆောင်ရွက်သည်ဟု တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

ပုံစာ။ ။ဖျက်ဆီးခံခဲ့ရသည့်ထားဝယ်နှင့်မြိတ်ရှိ NLDရုံးများ၏ပုံများ။


LEAVE A REPLY

Please enter your comment!
Please enter your name here