ရန်ကုန်သို့သယ်လာသည့် မူးယစ်ဆေးပြား ၂သန်းကျော်အား လမ်းခုလတ်မန္တလေး အမရပူရမြို့နယ်တွင်သိမ်းဆည်းရမိ

0
126

(Unicode)

ရန်ကုန်သို့သယ်လာသည့် မူးယစ်ဆေးပြား ၂သန်းကျော်အား လမ်းခုလတ်မန္တလေး အမရပူရမြို့နယ်တွင်သိမ်းဆည်းရမိ

မန္တလေး အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းရှိ Nissan Diesel ၁၀ ဘီးမော်တော်ယာဉ်အတွင်း ခရမ်းချဉ်သီးသေတ္တာများအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၁၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇၆ သန်း အား သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့သည်။

စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်သယ်ဆောင်မည်ဟု ထွက်ဆိုချက်များကဆိုသည်။

ယင်းဖြစ်သည် အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဖြစ်ခဲ့ခြင်းဖြစ်သည်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here