ထားဝယ်ခရိုင်အုပ်ချုပ်ရေးကောင်စီဝင်တစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံး

0
287

(Unicode)

ထားဝယ်ခရိုင်အုပ်ချုပ်ရေးကောင်စီဝင်တစ်ဦး သေနတ်ပစ်ခံရပြီးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ယနေ့ အောက်တိုဘာ၂၂ရက် မနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

ကောင်စီဝင် ဦးညီညီအောင်သည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တရုတ်တန်းလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့ ရှိနေစဉ် အမည်မသိသူတစ်ချို့၏ သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ်ခံခဲ့ရသည်။

ထားဝယ်ပြောက်ကျား စစ်ဆင်ရေးအဖွဲ့က ရှင်းလင်းသုတ်သင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထား သည်ကိုတွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ရက်ကလည်း မလှိုင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဦးကျော်ငြိမ်း သေနတ်ပစ်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည်။

ယခု ၈လကျော်ကာလအတွင်း မြို့နယ်အဆင့်နှင့် ရပ်ကျေးအဆင့် တာဝန်ရှိသူ ၂၀၀ကျော် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ၁၀၀ကျော်သေဆုံးသွားသည်။

ယခင်က ရပ်ကျေးနှင့် မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းများရှိခဲ့သော်လည်း ယခုနောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးကောင်စီဝင်၊ ခရိုင်အုပ်ချုပ်ရေးကောင်စီဝင်အဆင့် အထိ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိလာသည်။

ယခုရက်ထဲ ခရမ်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များအစုလိုက်အပြုံလိုက် နှုတ်ထွက်ခြင်းများရှိခဲ့ကြသည်။

 

(Zawgyi)

ထားဝယ္ခ႐ိုင္အုပ္ခ်ဳပ္ေရးေကာင္စီဝင္တစ္ဦး ေသနတ္ပစ္ခံရၿပီးေသဆုံး

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ခ႐ိုင္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦး ယေန႔ ေအာက္တိုဘာ၂၂ရက္ မနက္ပိုင္းက ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားသည္။

ေကာင္စီဝင္ ဦးညီညီေအာင္သည္ ယေန႔နံနက္ပိုင္းက ထားဝယ္ၿမိဳ႕ တ႐ုတ္တန္းလမ္းရွိ လက္ဖက္ရည္ဆိုင္တစ္ဆိုင္ေရွ႕ ရွိေနစဥ္ အမည္မသိသူတစ္ခ်ိဳ႕၏ ေသနတ္ျဖင့္ ဆက္တိုက္ ပစ္ခတ္ခံခဲ့ရသည္။

ထားဝယ္ေျပာက္က်ား စစ္ဆင္ေရးအဖြဲ႕က ရွင္းလင္းသုတ္သင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထား သည္ကိုေတြ႕ရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၁ရက္ကလည္း မလႈိင္ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ဦးေက်ာ္ၿငိမ္း ေသနတ္ပစ္ခံခဲ့ရၿပီး ေသဆုံးသြားခဲ့သည္။

ယခု ၈လေက်ာ္ကာလအတြင္း ၿမိဳ႕နယ္အဆင့္ႏွင့္ ရပ္ေက်းအဆင့္ တာဝန္ရွိသူ ၂၀၀ေက်ာ္ ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရၿပီး ၁၀၀ေက်ာ္ေသဆုံးသြားသည္။

ယခင္က ရပ္ေက်းႏွင့္ ၿမိဳ႕နယ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္အခ်ိဳ႕ ေသနတ္ျဖင့္ ပစ္ခတ္ခံရျခင္းမ်ားရွိခဲ့ေသာ္လည္း ယခုေနာက္ပိုင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးေကာင္စီဝင္၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးေကာင္စီဝင္အဆင့္ အထိ ေသနတ္ပစ္ခတ္ခံရၿပီး ေသဆုံးမႈမ်ားရွိလာသည္။

ယခုရက္ထဲ ခရမ္းၿမိဳ႕နယ္အပါအဝင္ စစ္ကိုင္းတိုင္းအတြင္းက ရပ္ေက်း အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားအစုလိုက္အၿပဳံလိုက္ ႏႈတ္ထြက္ျခင္းမ်ားရွိခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here