ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်းအထောက်အထားကို ဂျပန်နိုင်ငံတွင် လက်ဗွေစနစ်ဖြင့်စတင်

0
235

(Unicode)

ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်းအထောက်အထားကို ဂျပန်နိုင်ငံတွင် လက်ဗွေစနစ်ဖြင့်စတင်

ဂျပန်နိုင်ငံသုတေသနပညာရှင်များက ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်းအထောက်အထားကို စာရွက်စာတမ်းကိုင်ဆောင်ရန်မလိုသည့် လက်ဗွေစနစ်တစ်ခုကို စတင်ပြုလုပ်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် မိမိတို့ဟန်းဖုန်းများကိုအသုံးပြုကာ ၎င်းစနစ်တွင်စာရင်းပေးသွင်းကြရမည်ဖြစ်သည်။

Kyushu တက္ကသိုလ်မှဦးဆောင်ပြီး Hitachi, Kajima နှင့် အခြားကုမ္ပဏီများပူးပေါင်းကာ ၎င်းစနစ်ကိုစတင်ခဲ့တာဖြစ်ပြီး Kajima ကုမ္ပဏီမှတာဝန်ရှိသူ Mashimo Hidekuni က “စက္ကူနဲ့ပြုလုပ်ထားတဲ့ထောက်ခံစာတွေက အတုပြုလုပ်မှာလည်းစိုးရိမ်ရသလို ကိုယ်နဲ့အတူလည်းသယ်ဆောင်သွားရအုန်းမယ်၊ ဒါကိုဒီဂျစ်တယ်နည်းပညာနဲ့ပေါင်းစပ်ပြီးဖန်တီးထားတယ်” ဟုပြောသည်။

၎င်းကဆက်လက်ပြီး ဂျပန်အစိုးရအနေဖြင့်လည်း ခရီးသွားလုပ်ငန်းတွေပြန်လည်စတင်လာသည့်အခါ ယခုစနစ်ကိုအသုံးပြုရန် မျှော်လင့်နေကြောင်းပြောသည်။

(Zawgyi)
ရန်ကုန်မြို့က လျှပ်စစ်ရုံးအချို့အနီး လက်လုပ်ဗုံးပေါက်ကွဲမှုများဖြစ်

ရန်ကုန် မြို့နယ်၂ခုက လျှပ်စစ်ရုံးများအနီးတွင် ယနေ့ ပေါက်ကွဲမှုဖြစ်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်နှင့်လှိုင်မြို့နယ်များရှိ လျှပ်စစ်ရုံးများအနီးတွင်ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။

သင်္ဃန်းကျွန်းမြို့နယ်လျှပ်စစ်ရုံးအနီးပေါက်ကွဲမှုက ရုံး၏ အုတ်တံတိုင်းခြံစည်းရိုးပေါ်တွင် တင်ထားသောကြွတ်ကြွတ်အိတ်အတွင်းမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ထိုအနီးနားတွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးလည်းတွေ့ရှိခဲ့ရသည်။

လှိုင်မြို့နယ်လျှပ်စစ်ရုံးအနီးပေါက်ကွဲမှုသည်လည်း ရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ပြီး မပေါက်ကွဲသေးသောလက်လုပ်ဗုံးတစ်လုံးကိုလည်းတွေ့ရှိခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here