PN | ကယားပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန် ၊စစ်ယာဉ်တန်း အချို့ နန်းဖဲရွာနားတွင် မိုင်းဆွဲ တိုက်ခိုက်ခံရဟု နစက ပြော

0
150

ကယားပြည်နယ်တွင် တိုက်ပွဲများပြင်းထန်၊ စစ်ယာဉ်တန်းအချို့ နန်းဖဲရွာနားတွင် မိုင်းဆွဲတိုက်ခိုက်ခံရဟု နစကပြော

Unicode

ကယားပြည်နယ်တွင် ကရင်နီတပ်(KA)၊ KNDF တို့နှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်နေကြသည်။

အောက်တိုဘာလ ၂၁ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်က စစ်ယာဉ်တန်းတစ်ခု ဘော်လခဲမြို့နယ်၊ နန်းဖဲရွာမြောက်ဘက် မီတာ ၂၀၀၀ သို့ ရောက် ရှိစဉ် ကားလမ်း၏ ဝဲဘက်မှ မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်ဟု နစကသတင်းပြန်ကြားရေးအဖွဲ့ကပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်တစ်စီး ဝဲဘက်နောက်ဘီးနှစ်ဘီး တာယာကွဲ ထွက်သွားသည်ဟု နစကကပြောသည်။

ကရင်နီတပ် (KA) နှင့် KNDF တို့က မိုင်းဆွဲခြင်းကို ၎င်းတို့ဆောင်ရွက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထိုနေ့( အောက်တိုဘာလ (၂၁) ရက်နေ့၊ ညနေ (၁၄း၃၀) နာရီခန့်)က ဘောလခဲမြို့နယ်၊ နန်းဖဲ ကျေးရွာ ရဲစခန်းဟောင်းအနီးနှင့် ကျို့ပင်ကုန်းရွာအပြင်တွင် တိုက်ပွဲတကြိမ်စီဖြစ်ပွားခဲ့သည့်အပြင် ဖရူဆို မြို့နယ်၊ ထားလဲကျေးရွာအနီးတွင်လည်း တိုက်ပွဲတကြိမ်၊ စုစုပေါင်း တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည်ဟုလည်းပြောသည်။

တိုက်ခိုက်မှုများအတွင်း နစကဘက်မှ စစ်ကားအချို့ပျက်စီးခဲ့ပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရှိမှု များရှိခဲ့ကြောင်းနှင့် မိမိတို့ဘက်မှ တစုံတရာ ထိခိုက်မှုမရှိခဲ့ကြောင်းပြောသည်။

ထိခိုက်ဒဏ်ရာရရှိစာရင်းကို နစကဘက်ကမူ သတင်းမထုတ်ပြန်ခဲ့ပေ။

ပြီးခဲ့သည့်ရက်က ကယားပြည်နယ် လွိုင်ကော် တက္ကသိုလ် အနီးတွင် ဗုံးပေါက်ကွဲခဲ့မှုလည်းရှိခဲ့သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုအခြေအနေများသည် ဆက်လက်ဖြစ်ပွားနေ သည့် တိုက်ပွဲများ၊ လုံခြုံရေးအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် စိုးရိမ်ရဆဲဖြစ်သည်ဟု ယခုရက်ထဲ သတင်းတစ်ရပ် ထုတ်ပြန်ထားသည်။

ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း တိုက်ပွဲနှင့် လုံခြုံရေး အခြေအနေများကြောင့် ပြည်သူ ၂၁၈,၉၀၀ ခန့်သည် နေရပ်စွန့်ခွာထွက်ပြေးကြရသည်ဟုလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးကပြောဆိုထားသည်။

ယင်းအပြင် တပ်မတော်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊ အထူးသဖြင့် ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၏ လုံခြုံရေးအခြေအနေသည် ဆိုးရွားလျက်ရှိ နေသည်ဟုပါ ထည့်သွင်းပြောဆိုသည်။

 

Zaw Gyi

 

ကယားျပည္နယ္တြင္ တိုက္ပြဲမ်ားျပင္းထန္၊ စစ္ယာဥ္တန္းအခ်ိဳ႕ နန္းဖဲ႐ြာနားတြင္ မိုင္းဆြဲတိုက္ခိုက္ခံရဟု နစကေျပာ

ကယားျပည္နယ္တြင္ ကရင္နီတပ္(KA)၊ KNDF တို႔ႏွင့္ တပ္မေတာ္တို႔ တိုက္ပြဲမ်ားျဖစ္ေနၾကသည္။ေအာက္တိုဘာလ ၂၁ ရက္ ေန႔လည္ ၂ နာရီ ၄၅ မိနစ္ခန႔္က စစ္ယာဥ္တန္းတစ္ခု ေဘာ္လခဲၿမိဳ႕နယ္၊ နန္းဖဲ႐ြာေျမာက္ဘက္ မီတာ ၂၀၀၀ သို႔ ေရာက္ ရွိစဥ္ ကားလမ္း၏ ဝဲဘက္မွ မိုင္းဆြဲ တိုက္ခိုက္ျခင္း၊ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္ခံခဲ့ရသည္ဟု နစကသတင္းျပန္ၾကားေရးအဖြဲ႕ကေျပာသည္။

မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ ေမာ္ေတာ္ယာဥ္တစ္စီး ဝဲဘက္ေနာက္ဘီးႏွစ္ဘီး တာယာကြဲ ထြက္သြားသည္ဟု နစကကေျပာသည္။ကရင္နီတပ္ (KA) ႏွင့္ KNDF တို႔က မိုင္းဆြဲျခင္းကို ၎တို႔ေဆာင္႐ြက္ခဲ့သည္ဟု သတင္းထုတ္ျပန္ထားသည္။

ထိုေန႔( ေအာက္တိုဘာလ (၂၁) ရက္ေန႔၊ ညေန (၁၄း၃၀) နာရီခန႔္)က ေဘာလခဲၿမိဳ႕နယ္၊ နန္းဖဲ ေက်း႐ြာ ရဲစခန္းေဟာင္းအနီးႏွင့္ က်ိဳ႕ပင္ကုန္း႐ြာအျပင္တြင္ တိုက္ပြဲတႀကိမ္စီျဖစ္ပြားခဲ့သည့္အျပင္ ဖ႐ူဆို ၿမိဳ႕နယ္၊ ထားလဲေက်း႐ြာအနီးတြင္လည္း တိုက္ပြဲတႀကိမ္၊ စုစုေပါင္း တိုက္ပြဲ ၃ႀကိမ္ျဖစ္ခဲ့သည္ဟုလည္းေျပာသည္။တိုက္ခိုက္မႈမ်ားအတြင္း နစကဘက္မွ စစ္ကားအခ်ိဳ႕ပ်က္စီးခဲ့ၿပီး ေသဆုံးမႈႏွင့္ ထိခိုက္ဒဏ္ရာရွိမႈ မ်ားရွိခဲ့ေၾကာင္းႏွင့္ မိမိတို႔ဘက္မွ တစုံတရာ ထိခိုက္မႈမရွိခဲ့ေၾကာင္းေျပာသည္။ထိခိုက္ဒဏ္ရာရရွိစာရင္းကို နစကဘက္ကမူ သတင္းမထုတ္ျပန္ခဲ့ေပ။ၿပီးခဲ့သည့္ရက္က ကယားျပည္နယ္ လြိဳင္ေကာ္ တကၠသိုလ္ အနီးတြင္ ဗုံးေပါက္ကြဲခဲ့မႈလည္းရွိခဲ့သည္။

ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံးက ျမန္မာႏိုင္ငံတြင္ လူသားခ်င္းစာနာမႈအေျခအေနမ်ားသည္ ဆက္လက္ျဖစ္ပြားေန သည့္ တိုက္ပြဲမ်ား၊ လုံၿခဳံေရးအေျခအေနမ်ားႏွင့္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ စိုးရိမ္ရဆဲျဖစ္သည္ဟု ယခုရက္ထဲ သတင္းတစ္ရပ္ ထုတ္ျပန္ထားသည္။

ခ်င္း၊ ကခ်င္၊ ကယား၊ ကရင္၊ မြန္၊ ရွမ္းျပည္နယ္၊ မေကြး၊ စစ္ကိုင္း၊ တနသၤာရီတိုင္းေဒသႀကီးတို႔တြင္ ၂၀၂၁ ခုႏွစ္၊ ေဖေဖၚဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း တိုက္ပြဲႏွင့္ လုံၿခဳံေရး အေျခအေနမ်ားေၾကာင့္ ျပည္သူ ၂၁၈,၉၀၀ ခန႔္သည္ ေနရပ္စြန႔္ခြာထြက္ေျပးၾကရသည္ဟုလည္း ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံးကေျပာဆိုထားသည္။

ယင္းအျပင္ တပ္မေတာ္ႏွင့္ ေဒသခံျပည္သူ႔ကာကြယ္ေရး အဖြဲ႕မ်ား၊ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ားေၾကာင့္ ျမန္မာႏိုင္ငံအေရွ႕ေတာင္ပိုင္း၊ အထူးသျဖင့္ ကယားျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔၏ လုံၿခဳံေရးအေျခအေနသည္ ဆိုး႐ြားလ်က္ရွိ ေနသည္ဟုပါ ထည့္သြင္းေျပာဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here