PN | တရားဝင် ဖွင့်လှစ်ထားတဲ့ ပြည်ပ အလုပ်အကိုင် အေဂျင်စီတွေက ဝန် ဆောင်ခ ပိုတောင်းခံလျှင် တိုင်ကြားနိုင်
0
226
တရားဝင်ဖွင့်လှစ်ထားတဲ့ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ဝန် ဆောင်ခပိုတောင်းခံလျှင် တိုင်ကြားနိုင်
တရားဝင် ဖွင့်လှစ်ထားတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကနေ ဝန်ဆောင်ခပိုတောင်းခံပါက သက်ဆိုင်ရာဌာနတွေကို တိုင်ကြားနိုင် တယ် လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။
ပြည်ပကို တရားဝင်သွားရောက် အလုပ်လုပ် ကိုင်လိုသူတွေအနေနဲ့ ဖွင့်လှစ်ခွင့်ပြုထားတဲ့ အေဂျင်စီတွေမှာ နိုင်ငံအလိုက် ပေးဆောင်ရမယ့် ဝန်ဆောင်ခတွေကို သက်ဆိုင်ရာအေဂျင်စီကို ပေးသွင်းပြီးမှ သွင်းထားတဲ့ငွေကြေးပမာဏရေးထားတဲ့ ငွေရဖြတ်ပိုင်းပြေစာကို တောင်းယူရမှာဖြစ်ပါတယ်။
သတ်မှတ်ဝန်ဆောင်ခထက်ပိုတောင်းခံရပါက အဲ့ဒီ့ငွေရပြေစာနဲ့အတူ စာရွက်စာတမ်းအပြည့်အစုံတို့နဲ့ အောက်ပါရုံးတွေကို တိုင်ကြားနိုင် ကြောင်းသိရပါတယ်။
၁။နေပြည်တော်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ
ဖုန်း- ၀၆၇-၄၃၀၁၈၃၊ ၀၆၇-၄၃၀၁၈၅
၂။Complaints Mechanism Centre
ဖုန်း- ၀၆၇-၄၃၀၁၈၃၊ ၀၆၇-၄၃၀၂၈၄၊၀၁-၆၅၀၀၈၉၊၀၁-၆၅၀၁၈၇
၃။မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ရုံး
ဖုန်း- ၀၁-၂၅၆၇၂၇၊ ၀၁-၂၅၆၈၈၇
Zaw Gyi
Zaw Gyi
LEAVE A REPLY
Please enter your comment!
Please enter your name here