ငွေလဲနှုန်း ပြသနာကြောင့် မြေကွက်နဲ့ကား အရောင်းအဝယ်ဖြစ်နေ

0
192

(Unicode)
ငွေလဲနှုန်း ပြသနာကြောင့် မြေကွက်နဲ့ကား အရောင်းအဝယ်ဖြစ်နေ

ရန်ကုန် အောက်တိုဘာ ၂၅

မြန်မာငွေတန်ဖိုးမတည်ငြိမ်‌သေးတဲ့ အခြေအနေကြောင့် လက်တလောမှာတော့ ခြံမြေကွက်နဲ့ ကားဈေးကွက်အတွင်းမှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်းမှာ သိန်းတစ်ထောင်အောက် မြေကွက်နဲ့ ကားတွေ အရောင်းအဝယ် ပိုဖြစ်နေပြီး ငွေသားနဲ့ပေးချတာတွေက်ထက် အွန်လိုင်းကနေ ငွေပေးချေ မှုတွေက ပို ပြီးအရောင်းအဝယ်ဖြစ်နေတယ်လို့ အကျိုးဆောင်တွေ ထံကသိရပါတယ်။

“လက်တလောမှာက ဘဏ်ထဲက ပိုက်ဆံကို ထုတ်ဖို့အခက်အခဲဖြစ်နေသူတွေက မြေတို့ကားတို့ကို ဘဏ် ငွေလွဲစနစ်နဲ့ဝယ်ကြတာတွေများတယ်၊တစ်ဖက်ကရောင်းသူတွေအနေနဲ့လည်း ရာခိုင်နှုန်း တစ်ခုသတ်မှတ်ပြီး ‌အရောင်းအဝယ်လုပ်ကြတယ်”လို့ ရန်ကုန်မြို့ ရှိ အိမ်ခြံမြေ အကျိုးဆောင် ဦးနေစိုးလင်းက ပြောပါတယ်။

ပြည်တွင်းမှာငွေကြေး ဈေးကွက်မတည်ငြိမ်တာကြောင့် ရွှေအပါအဝင် အိမ်ခြံမြေကားဈေးကွက်က လှုပ်ခတ်နေတာဖြစ်ပြီး ဘဏ်ငွေ လွှဲစနနစ်နဲ့ အရောင်းအဝယ် ဖြစ်တာတွေပိုများတယ်လို့ သိရပါတယ်။

ကားဈေးကွက်အတွင်းမှာလည်း သိန်းငါးရာပတ်လည် ဂျပန်ကားတွေ အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်လိုင်စင်သာမက နယ်လိုင်စင်ကားတွေလည်း အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။

(Zawgyi)
ေငြလဲႏႈန္း ျပသနာေၾကာင့္ ေျမကြက္နဲ႔ကား အေရာင္းအဝယ္ျဖစ္ေန

ရန္ကုန္ ေအာက္တိုဘာ ၂၅

ျမန္မာေငြတန္ဖိုးမတည္ၿငိမ္‌ေသးတဲ့ အေျခအေနေၾကာင့္ လက္တေလာမွာေတာ့ ၿခံေျမကြက္နဲ႔ ကားေဈးကြက္အတြင္းမွာ အေရာင္းအဝယ္ျဖစ္ေနတယ္လို႔ သိရပါတယ္။

အခုရက္ပိုင္းအတြင္းမွာ သိန္းတစ္ေထာင္ေအာက္ ေျမကြက္နဲ႔ ကားေတြ အေရာင္းအဝယ္ ပိုျဖစ္ေနၿပီး ေငြသားနဲ႔ေပးခ်တာေတြက္ထက္ အြန္လိုင္းကေန ေငြေပးေခ် မႈေတြက ပို ၿပီးအေရာင္းအဝယ္ျဖစ္ေနတယ္လို႔ အက်ိဳးေဆာင္ေတြ ထံကသိရပါတယ္။

“လက္တေလာမွာက ဘဏ္ထဲက ပိုက္ဆံကို ထုတ္ဖို႔အခက္အခဲျဖစ္ေနသူေတြက ေျမတို႔ကားတို႔ကို ဘဏ္ ေငြလြဲစနစ္နဲ႔ဝယ္ၾကတာေတြမ်ားတယ္၊တစ္ဖက္ကေရာင္းသူေတြအေနနဲ႔လည္း ရာခိုင္ႏႈန္း တစ္ခုသတ္မွတ္ၿပီး ‌အေရာင္းအဝယ္လုပ္ၾကတယ္”လို႔ ရန္ကုန္ၿမိဳ႕ ရွိ အိမ္ၿခံေျမ အက်ိဳးေဆာင္ ဦးေနစိုးလင္းက ေျပာပါတယ္။

ျပည္တြင္းမွာေငြေၾကး ေဈးကြက္မတည္ၿငိမ္တာေၾကာင့္ ေ႐ႊအပါအဝင္ အိမ္ၿခံေျမကားေဈးကြက္က လႈပ္ခတ္ေနတာျဖစ္ၿပီး ဘဏ္ေငြ လႊဲစနနစ္နဲ႔ အေရာင္းအဝယ္ ျဖစ္တာေတြပိုမ်ားတယ္လို႔ သိရပါတယ္။

ကားေဈးကြက္အတြင္းမွာလည္း သိန္းငါးရာပတ္လည္ ဂ်ပန္ကားေတြ အေရာင္းအဝယ္ျဖစ္ေနၿပီး ရန္ကုန္လိုင္စင္သာမက နယ္လိုင္စင္ကားေတြလည္း အေရာင္းအဝယ္ျဖစ္ေနတယ္လို႔သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here