ရွှေဈေး ၁၈သိန်းအောက်ရောက်

0
129

(Unicode)

ရွှေဈေး ၁၈သိန်းအောက်ရောက်

အောက်တိုဘာလအစမှာ သိန်း၂၀ကျော်ခဲ့တဲ့ ရွှေဈေးဟာ ဒီနေ့မှာတော့ ရွှေ ၁ကျပ်သားကို ၂သိန်းနီးပါးထိ ဈေးကျသွားခဲ့ပါတယ်။

အောက်တိုဘာလ ၂၅ရက်နေ့ (ယနေ့)အပိတ် ဈေးက ရွှေ၁ကျပ်သားကို ၁၇၉၆၀၀၀ နဲ့ဈေးပိတ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ် ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီနေ့မနက်ထိကို အဖွင့်ဈေးက ၁၈သိန်းအထက် မှာရှိနေခဲ့ပြီး အပိတ်ဈေးမှာ ၁၈သိန်းအောက် လျော့ကျခဲ့တာပါ။

သိန်း၂၀ကျော်အထိဈေးတက်ခဲ့တုန်းက အခေါက်ရွှေ ဝယ်ယူမှုများခဲ့ပေမယ့် လက်ရှိမှာတော့ အရောင်းအဝယ်အေးနေတယ်လို့ ရန်ကုန်မြို့က ရွှေအရောင်းဆိုင်တစ်ခုရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွှေဈေးကျဆင်းလာမှုနဲ့အတူ ဒေါ်လာဈေးဟာလည်း တဖြည်းဖြည်းနဲ့ ၂၀၀၀ အောက်ကို ကျ ဆင်းလာတယ်လို့ ငွေလဲကောင်တာတွေကတဆင့် သိရပါတယ်။

(Zawgyi)

ေ႐ႊေဈး ၁၈သိန္းေအာက္ေရာက္

ေအာက္တိုဘာလအစမွာ သိန္း၂၀ေက်ာ္ခဲ့တဲ့ ေ႐ႊေဈးဟာ ဒီေန႔မွာေတာ့ ေ႐ႊ ၁က်ပ္သားကို၂သိန္းနီးပါးထိ ေဈးက်သြားခဲ့ပါတယ္။

ေအာက္တိုဘာလ ၂၅ရက္ေန႔ (ယေန႔)အပိတ္ ေဈးက ေ႐ႊ၁က်ပ္သားကို ၁၇၉၆၀၀၀ နဲ႔ေဈးပိတ္ခဲ့တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ ငန္းရွင္မ်ားအသင္းရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဒီေန႔မနက္ထိကို အဖြင့္ေဈးက ၁၈သိန္းအထက္ မွာရွိေနခဲ့ၿပီး အပိတ္ေဈးမွာ ၁၈သိန္းေအာက္ ေလ်ာ့က်ခဲ့တာပါ။

သိန္း၂၀ေက်ာ္အထိေဈးတက္ခဲ့တုန္းက အေခါက္ေ႐ႊ ဝယ္ယူမႈမ်ားခဲ့ေပမယ့္ လက္ရွိမွာေတာ့ အေရာင္းအဝယ္ေအးေနတယ္လို႔ ရန္ကုန္ၿမိဳ႕က ေ႐ႊအေရာင္းဆိုင္တစ္ခုရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ေ႐ႊေဈးက်ဆင္းလာမႈနဲ႔အတူ ေဒၚလာေဈးဟာလည္း တျဖည္းျဖည္းနဲ႔ ၂၀၀၀ ေအာက္ကို က် ဆင္းလာတယ္လို႔ ေငြလဲေကာင္တာေတြကတဆင့္ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here