ရခိုင်ပြည်နယ် စစ်ရှောင်စခန်းများနှင့် ဘင်္ဂါလီရွာများမှ ကျောင်းသား၊သူများအား ကိုဗစ်ကာကွယ်ဆေးများထိုးနှံ

0
142

(Unicode)

ရခိုင်ပြည်နယ် စစ်ရှောင်စခန်းများနှင့် ဘင်္ဂါလီရွာများမှ ကျောင်းသား၊သူများအား ကိုဗစ်ကာကွယ်ဆေးများထိုးနှံ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက IDPs စခန်းတွေထဲ ဘင်္ဂါလီကျေးရွာတွေက အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းအဆင့် အသက် ၁၂ နှစ်နဲ့ အထက်ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး Sinovac ကို စတင်ထိုးနှံပေးနေပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

ကာကွယ်ဆေးမထိုးမီ မိဘအုပ်ထိန်းသူတွေရဲ့ ခွင့်ပြုချက်ရယူတာအပြင်၊ ကျောင်းသား ကျောင်းသူတွေကို ကိုယ်အပူချိန်တိုင်းတာ၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာ၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းတာတွေ ဆောင်ရွက်ပြီးမှ ထိုးနှံခဲ့တာလို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ပြောပြပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေတဲ့ နေရာတွေက အုန်းတောချေ IDPs စခန်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း(အုန်းတောကြီး)၊ အခြေခံပညာ မူလတန်းလွန်(ဘုမေ)၊ အခြေခံပညာမူလတန်းလွန် (သဲချောင်း)၊ အခြေခံပညာအထက်တန်းကျောင်း (သက္ကေပြင်ကုန်း)၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း(ပါဒလိတ်)၊ အခြေခံပညာ မူလတန်းကျောင်း(ရွှေပြား)၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း(စစ်တွေတပ်နယ်)၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း(မင်းဂံ)၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့မှာ ဖြစ်တယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ဆိုပါတယ်။

စစ်တွေမြို့နယ်မှာ အသက် ၁၂ နှစ်နဲ့ အထက် ကျောင်းသား ကျောင်းသူတွေကို အောက်တိုဘာ ၁၇ ရက်မှစတင်ပြီးထိုးနှံပေးနေတာပါ။ မြို့နယ်ထဲ ကိုဗစ်ကာကွယ်ဆေးထိုးနှံမယ့် အလယ်တန်း အဆင့်ကျောင်းသား၊ကျောင်းသူ ၁၅၄၀၉ ဦးနဲ့ အထက်တန်းအဆင့်မှာ၅၆၆၁ ဦး စုစုပေါင်း ၂၁၀၇၀ ရှိတယ်လို့ သိရပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here