၀န်ထမ်းချေးငွေ (၂)လစာပြန်ဆပ် ကာလကို (၂၀၂၄)ခု မတ်လကုန်အထိ တိုးမြှင့်ပေးထား

0
284

(Unicode)

၀န်ထမ်းချေးငွေ (၂)လစာပြန်ဆပ် ကာလကို (၂၀၂၄)ခု မတ်လကုန်အထိ တိုးမြှင့်ပေးထား

နေပြည်တော် အောက်တိုဘာ ၂၆

ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၊ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်ဌာန အဖွဲ့အစည်း များအနေဖြင့်နိုင်ငံ့ဝန်ထမ်း များကို (၂)လစာ ကြိုတင်ထုတ်ချေးခဲ့သည့် ချေးငွေပြန်ဆပ်ကာလကို (၂၀၂၄)ခုနှစ်မတ်လအထိ တိုးမြှင့်ပေးထားသည်ဟုသိရသည်။

နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်အတွက် အတိုးမဲ့ချေးငွေများ ပြန်ဆပ်ကာလကို (၁)နှစ်အစား (၂)နှစ်နှင့်(၆)လ အဖြစ် ပြောင်းလဲသတ်မှတ်ပေး ထားခြင်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း ထိခိုက်နစ်နာမှု ကြောင့်ပြန်လည် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများအတိုးမဲ့ ချေးငွေ (၂)လစာကို ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး မူလက (၁)နှစ်အတွင်း လစဉ်ပြန်လည်ပေးဆပ်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။

 

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here