ရွှေဈေး၊ဒေါ်လာဈေး၊ စက်သုံးဆီဈေးများ ပြန်လည်ကျဆင်းလာ

0
174

(Unicode)

ရွှေဈေး၊ဒေါ်လာဈေး၊ စက်သုံးဆီဈေးများ ပြန်လည်ကျဆင်းလာ

နေပြည်တော် အောက်တိုဘာ ၂၆

အခေါက်ရွှေတစ်ကျပ်သားကို သိန်း(၂၀)နီးပါးဖြစ်ခဲ့တဲ့အခြေအနေကနေ ဒီကနေ့ညနေမှာတော့ (၁၈)သိန်းအောက်ကို ပြန်ရောက်သွားခဲ့ပြီလို့သိရပါတယ်။

အခုလဆန်းမှာ ရွှေအပါအဝင် ဒေါ်လာနဲ့စက်သုံးဆီ‌ ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာခဲ့တာဖြစ်ပြီး ဈေးကွက်အတွင်းမှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။

နစက အစိုးရအနေနဲ့ ဈေးကစားတဲ့ ကုန်သည်တွေကို စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့ပြီး ဗဟိုဘဏ်ကလည်း ဒေါ်လာတွေကို စံချိန်တင်ထုတ်ရောင်းခဲ့ကာ စက်သုံးဆီ ဂါလံ အများအပြားကိုလည်း ရုရှားကနေမှာယူပြီး ဈေးကွက်တည်ငြိမ်အောင် ဆောင်ရွက်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဒေါ်လာကော ရွှေပါ ဈေးနှုန်း အနည်းငယ် ပြန် ကျလာခဲ့ပြီး စက်သုံးဆီက တော့တစ်လီတာကို (၁၄၅၀)ပတ်လည်မှာ ရှိနေပါတယ်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here