မြန်မာနိုင်ငံမပါဘဲ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပရခြင်းသည် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်ကြောင့်သာဖြစ်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြောကြား

0
224

(Unicode)

မြန်မာနိုင်ငံမပါဘဲ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပရခြင်းသည် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက်ကြောင့်သာဖြစ်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြောကြား

မြန်မာနိုင်ငံမပါဘဲ အာဆီယံထိပ်သီးအစည်းအ ဝေးကျင်းပရခြင်းသည် မြန်မာနိုင်ငံ၏ ဆုံးဖြတ် ချက်ကြောင့်သာဖြစ်သည်ဟု ကမ္ဘောဒီးယားဝန် ကြီးချုပ်ဟွန်ဆန်က ဘရူနိုင်းနိုင်ငံတွင် အောက် တိုဘာ ၂၆ ရက်ကစတင်ကျင်းပသည့် အရှေ့ တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များတက်ရောက်သည့် ထိပ်သီးဆွေးနွေးပွဲ၌ပြောကြားခဲ့သည်။

“ဒီနေ့ဆွေးနွေးပွဲမှာပါဝင်ဖို့ အာဆီယံကမြန်မာနိုင်ငံကိုဖယ်မထားခဲ့ပါဘူး အာဆီယံနိုင်ငံရေးနဲ့မပတ်သက်တဲ့ ကိုယ်စားလှယ်တစ်ယောက်တက်ရောက်ဖို့အထိ ကမ်းလှမ်းခဲ့တယ် ဒါကိုမြန်မာနိုင်ငံဖက်ကငြင်းဆန်ခဲ့တယ် အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရေးမှာ မြန်မာနိုင်ငံဖက်ကသိသာတဲ့တိုးတက်မှုတွေမပြနိုင်လို့သာ ဒီအခြေအနေအထိဖြစ်ပေါ်လာရတာပါ မြန်မာနိုင်ငံမပါဘဲ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပရတာဟာ မြန်မာနိုင်ငံရဲ့ဆုံးဖြတ်ချက်ကြောင့်သာဖြစ်ပါတယ်”ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်ကပြောကြားခဲ့သည်။

အလားတူ အင်ဒိုနီးရှားနိုင်ငံသမ္မတဂျိုကိုဝီဒိုဒိုမှလည်း အာဆီယံခေါင်းဆောင်တွေရဲ့အစည်းအဝေးဟာ အာဆီယံမိသားစုအဖွဲ့ဝင်နိုင်ငံတွေကို ကူညီဖို့အားထုတ်မှုဖြစ်ပါတယ် ဒါပေမဲ့မြန်မာနိုင်ငံက ကူညီတဲ့မိသားစုရဲ့လက်ကို လိုလိုချင်ချင်မရှိခဲ့ပါဘူးဟု ပြောကြားခဲ့သည်။

ထိုသို့ အာဆီယံထိပ်သီးအစည်းအဝေးအား မြန်မာနိုင်ငံမှမတက်ရောက်ခြင်းသည် အာဆီယံအားမကျေနပ်ခြင်း၊သပိတ်မှောက်ခြင်းမဟုတ်ဘဲ ပဋိဉာဏ်စာချုပ်ပါမူများနှင့်အညီ နိုင်ငံတစ်နိုင်ငံကရရှိသင့်သည့် အခွင့်အရေးအားတောင်းဆိုခြင်းသာဖြစ်ကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်တွင်ထုတ်ပြန်သည့် ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေများအားအဆုံးသတ်ရန် အာဆီယံမှခန့်အပ်ထားသည့် အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သော ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နှင့်မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းပြောကြားခဲ့သည်။ထို့အတူ အာဆီယံမှအပြုသဘောဆောင်ကာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အား ကြားဝင်ဆောင်ရွက်ပေးနေခြင်းကို ထောက်ခံကြောင်း စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong ကပြောကြားခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှနိုင်ငံရေးနှင့်မသက်ဆိုင်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးအားတက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း ဦးချမ်းအေးအား အစည်းအဝေးသို့တက်ရောက်ရန် နစက စေလွှတ်ခဲ့ခြင်းမရှိပေ။

Photo – Khmer Times

(Zawgyi)

ျမန္မာႏိုင္ငံမပါဘဲ အာဆီယံထိပ္သီးအစည္းအေဝးက်င္းပရျခင္းသည္ ျမန္မာႏိုင္ငံ၏ ဆုံးျဖတ္ခ်က္ေၾကာင့္သာျဖစ္ဟု ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေျပာၾကား

ျမန္မာႏိုင္ငံမပါဘဲ အာဆီယံထိပ္သီးအစည္းအ ေဝးက်င္းပရျခင္းသည္ ျမန္မာႏိုင္ငံ၏ ဆုံးျဖတ္ ခ်က္ေၾကာင့္သာျဖစ္သည္ဟု ကေမာၻဒီးယားဝန္ ႀကီးခ်ဳပ္ဟြန္ဆန္က ဘ႐ူႏိုင္းႏိုင္ငံတြင္ ေအာက္ တိုဘာ ၂၆ ရက္ကစတင္က်င္းပသည့္ အေရွ႕ ေတာင္အာရွႏိုင္ငံမ်ားအသင္း(အာဆီယံ)အဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ႏိုင္ငံေခါင္းေဆာင္မ်ားတက္ေရာက္သည့္ ထိပ္သီးေဆြးေႏြးပြဲ၌ေျပာၾကားခဲ့သည္။

“ဒီေန႔ေဆြးေႏြးပြဲမွာပါဝင္ဖို႔ အာဆီယံကျမန္မာႏိုင္ငံကိုဖယ္မထားခဲ့ပါဘူး အာဆီယံႏိုင္ငံေရးနဲ႔မပတ္သက္တဲ့ ကိုယ္စားလွယ္တစ္ေယာက္တက္ေရာက္ဖို႔အထိ ကမ္းလွမ္းခဲ့တယ္ ဒါကိုျမန္မာႏိုင္ငံဖက္ကျငင္းဆန္ခဲ့တယ္ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ေတြ အေကာင္အထည္ေဖာ္ေရးမွာ ျမန္မာႏိုင္ငံဖက္ကသိသာတဲ့တိုးတက္မႈေတြမျပႏိုင္လို႔သာ ဒီအေျခအေနအထိျဖစ္ေပၚလာရတာပါ ျမန္မာႏိုင္ငံမပါဘဲ အာဆီယံထိပ္သီးအစည္းအေဝးက်င္းပရတာဟာ ျမန္မာႏိုင္ငံရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္သာျဖစ္ပါတယ္”ဟု ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကေျပာၾကားခဲ့သည္။

အလားတူ အင္ဒိုနီးရွားႏိုင္ငံသမၼတဂ်ိဳကိုဝီဒိုဒိုမွလည္း အာဆီယံေခါင္းေဆာင္ေတြရဲ႕အစည္းအေဝးဟာ အာဆီယံမိသားစုအဖြဲ႕ဝင္ႏိုင္ငံေတြကို ကူညီဖို႔အားထုတ္မႈျဖစ္ပါတယ္ ဒါေပမဲ့ျမန္မာႏိုင္ငံက ကူညီတဲ့မိသားစုရဲ႕လက္ကို လိုလိုခ်င္ခ်င္မရွိခဲ့ပါဘူးဟု ေျပာၾကားခဲ့သည္။

ထိုသို႔ အာဆီယံထိပ္သီးအစည္းအေဝးအား ျမန္မာႏိုင္ငံမွမတက္ေရာက္ျခင္းသည္ အာဆီယံအားမေက်နပ္ျခင္း၊သပိတ္ေမွာက္ျခင္းမဟုတ္ဘဲ ပဋိဥာဏ္စာခ်ဳပ္ပါမူမ်ားႏွင့္အညီ ႏိုင္ငံတစ္ႏိုင္ငံကရရွိသင့္သည့္ အခြင့္အေရးအားေတာင္းဆိုျခင္းသာျဖစ္ေၾကာင္း နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေအာက္တိုဘာ ၂၆ ရက္တြင္ထုတ္ျပန္သည့္ ထုတ္ျပန္ခ်က္၌ ေရးသားေဖာ္ျပထားသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံ၌ ျဖစ္ေပၚလ်က္ရွိသည့္ ႏိုင္ငံေရးအေျခအေနမ်ားအားအဆုံးသတ္ရန္ အာဆီယံမွခန္႔အပ္ထားသည့္ အာဆီယံအထူးကိုယ္စားလွယ္ျဖစ္ေသာ ဘ႐ူႏိုင္းႏိုင္ငံ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof ႏွင့္ျမန္မာႏိုင္ငံအေနျဖင့္ ပူးေပါင္းေဆာင္႐ြက္ရန္တိုက္တြန္းေျပာၾကားခဲ့သည္။ထို႔အတူ အာဆီယံမွအျပဳသေဘာေဆာင္ကာ ျမန္မာ့ႏိုင္ငံေရးျဖစ္စဥ္အား ၾကားဝင္ေဆာင္႐ြက္ေပးေနျခင္းကို ေထာက္ခံေၾကာင္း စင္ကာပူႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Lee Hsien Loong ကေျပာၾကားခဲ့သည္။

အာဆီယံထိပ္သီးအစည္းအေဝးသို႔ တက္ေရာက္ရန္ ျမန္မာႏိုင္ငံမွႏိုင္ငံေရးႏွင့္မသက္ဆိုင္သည့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊အၿမဲတမ္းအတြင္းဝန္ဦးခ်မ္းေအးအားတက္ေရာက္ရန္ ဖိတ္ၾကားခဲ့ေသာ္လည္း ဦးခ်မ္းေအးအား အစည္းအေဝးသို႔တက္ေရာက္ရန္ နစက ေစလႊတ္ခဲ့ျခင္းမရွိေပ။

Photo – Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here