လှိုင်မြို့နယ်နဲ့ ဒေါပုံမြို့နယ်ရဲစခန်းတို့ ပစ်ခတ်ခံရ

0
543

(Unicode)

လှိုင်မြို့နယ်နဲ့ ဒေါပုံမြို့နယ်ရဲစခန်းတို့ ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်က လှိုင်မြို့နယ်ရဲစခန်းကို 44st-UG နဲ့မဟာမိတ်အဖွဲ့တို့ကပူးပေါင်းပြီး ယမန်နေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်က ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြို့နယ်ရဲစခန်းကို ပူးပေါင်းအဖွဲ့က သေနတ်နဲ့လေးချက်ပစ်ခတ်ခဲ့ကာ သုံးချက်ကစခန်းဝင်းထဲကို ကျရောက်ခဲ့ပြီး သေဆုံး၊ဒဏ်ရာရတာတွေ ရှိ၊မရှိဆိုတာကတော့ မသိရသေးဘူးလို့ ထုတ်ပြန်ရေးသားထားပါတယ်။

လှိုင်မြို့နယ်ရဲစခန်းကို လက်နက်ကြီးနဲ့လာရောက်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး နစကသတင်းပြန်ကြားရေးဘက်က အောက်တိုဘာလ၃၁ရက်နေ့၊နေ့လည် ၁၂နာရီခွဲအချိန်က လှိုင်မြို့နယ်၊၁၂ရပ်ကွက် ၊ မဟာသီရိဆီစက်လမ်း ၊ရေစက်ဝန်းအတွင်းက အမှိုက်ကန်မှာ ပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပွါး​ကြောင်း သတင်းရရှိတာကြောင့် လုံခြုံရေးအဖွဲ့ဝင်တွေသွားရောက်စစ်ဆေးရာ ပေါက် ကွဲထားသော ၄၀မမ ဗုံးသီးခွံနှစ်ခုနှင့် ပေါက်ကွဲမှုမရှိသေးသော ၄၀မမဗုံးသီးတစ်ခုကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦးထိခိုက်ပျက်စီးမှုမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

အလားတူ အဲ့ဒီ့နေ့ နေ့လည်၁၂ နာရီခွဲမှာလည်း ဒေါပုံမြို့မရဲစခန်းကို သုံးချက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း 44st-UG ကထပ်မံထုတ်ပြန်ခဲ့ပြီး နစကဘက်ကတော့ ဒေါပုံရဲစခန်းနဲ့ပတ်သက်တဲ့ သတင်းတစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

(Zawgyi)

လႈိင္ၿမိဳ႕နယ္နဲ႔ ေဒါပုံၿမိဳ႕နယ္ရဲစခန္းတို႔ ပစ္ခတ္ခံရ

ရန္ကုန္တိုင္းေဒသႀကီး၊လႈိင္ၿမိဳ႕နယ္က လႈိင္ၿမိဳ႕နယ္ရဲစခန္းကို 44st-UG နဲ႔မဟာမိတ္အဖြဲ႕တို႔ကပူးေပါင္းၿပီး ယမန္ေန႔ ေန႔လည္ ၁၂ နာရီ ၁၀ မိနစ္က ပစ္ခတ္ခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ၿမိဳ႕နယ္ရဲစခန္းကို ပူးေပါင္းအဖြဲ႕က ေသနတ္နဲ႔ေလးခ်က္ပစ္ခတ္ခဲ့ကာ သုံးခ်က္ကစခန္းဝင္းထဲကို က်ေရာက္ခဲ့ၿပီး ေသဆုံး၊ဒဏ္ရာရတာေတြ ရွိ၊မရွိဆိုတာကေတာ့ မသိရေသးဘူးလို႔ ထုတ္ျပန္ေရးသားထားပါတယ္။

လႈိင္ၿမိဳ႕နယ္ရဲစခန္းကို လက္နက္ႀကီးနဲ႔လာေရာက္ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး နစကသတင္းျပန္ၾကားေရးဘက္က ေအာက္တိုဘာလ၃၁ရက္ေန႔၊ေန႔လည္ ၁၂နာရီခြဲအခ်ိန္က လႈိင္ၿမိဳ႕နယ္၊၁၂ရပ္ကြက္ ၊ မဟာသီရိဆီစက္လမ္း ၊ေရစက္ဝန္းအတြင္းက အမႈိက္ကန္မွာ ေပါက္ကြဲမႈ ၂ႀကိမ္ ျဖစ္ပြါး​ေၾကာင္း သတင္းရရွိတာေၾကာင့္ လုံၿခဳံေရးအဖြဲ႕ဝင္ေတြသြားေရာက္စစ္ေဆးရာ ေပါက္ ကြဲထားေသာ ၄၀မမ ဗုံးသီးခြံႏွစ္ခုႏွင့္ ေပါက္ကြဲမႈမရွိေသးေသာ ၄၀မမဗုံးသီးတစ္ခုကို ေတြ႕ရွိရေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ေပါက္ကြဲမႈေၾကာင့္ လူႏွင့္အေဆာက္အဦးထိခိုက္ပ်က္စီးမႈမရွိဘူးလို႔လည္း ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

အလားတူ အဲ့ဒီ့ေန႔ ေန႔လည္၁၂ နာရီခြဲမွာလည္း ေဒါပုံၿမိဳ႕မရဲစခန္းကို သုံးခ်က္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း 44st-UG ကထပ္မံထုတ္ျပန္ခဲ့ၿပီး နစကဘက္ကေတာ့ ေဒါပုံရဲစခန္းနဲ႔ပတ္သက္တဲ့ သတင္းတစုံတရာ ထုတ္ျပန္ျခင္း မရွိေသးပါဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here