မိုးကုတ်မှာ နေအိမ်နှစ်လုံးပေါ်ကို ကျောက်ကမ်းပါးယံပြိုကျ တစ်ယောက်ကိုကယ်ထုတ်ထားနိုင်

0
151

(Unicode)

မိုးကုတ်မှာ နေအိမ်နှစ်လုံးပေါ်ကို ကျောက်ကမ်းပါးယံပြိုကျ တစ်ယောက်ကိုကယ်ထုတ်ထားနိုင်

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊မိုးကုတ်မြို့နယ်၊ရွှေဂူရပ်ကွက်၊ရွာသစ်ရပ်မှာ နေအိမ်နှစ်လုံးပေါ်ကို နိုဝင်ဘာ ၂ ရက်မနက် ၇ နာရီလောက်က ကျောက်ကမ်းပါးယံပြိုကျခဲ့ပါတယ်။

ပြိုကျမှုကြောင့် အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တို့ပိတ်မိနေတာကို မိုးကုတ်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ လယ်ဦးနယ်မြေမီးသတ်စခန်းက အဖွဲ့ဝင်တွေနဲ့ပတ်ဝန်းကျင်နေသူတွေက ရှာဖွေကယ်ထုတ်ပေးခဲ့ကြပါတယ်။

“သတင်းရရခြင်းကူညီပေးခဲ့ကြတာကြောင့် မနက် ၇ နာရီခွဲလောက်မှာ ပိတ်မိနေတဲ့အမျိုးသမီးကို အသက်ရှင်ရက်ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်တဲ့ပိတ်မိနေတဲ့ အမျိုးသားကိုတော့ကယ်ထုတ်ဖို့ကြိုးစားနေပါတယ်”လို့ မိုးကုတ်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here