ဆန်လျှော့စားခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့ စားသုံးမှုပုံစံပြောင်းလဲဖို့ နစကဥက္ကဌ အကြံပြု

0
49

(Unicode)

ဆန်လျှော့စားခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြုနိုင်တဲ့ စားသုံးမှုပုံစံပြောင်းလဲဖို့ နစကဥက္ကဌ အကြံပြု

မြန်မာနိုင်ငံဟာ မိရိုးဖလာအားဖြင့် ဆန်ကိုအဓိ ကစားသုံးရတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ဆန်စားသုံးတာများနေပေမယ့်လည်း ခန္ဓာကိုယ်က လို အပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝမရတာလည်းရှိနိုင်တာကြောင့် ဆန်စားသုံးမှုကိုလျှော့ ချပြီး အခြားလိုအပ်တဲ့ အသား၊ငါးနဲ့ဟင်းသီး ဟင်း ရွက်တွေကို ထိုက်သင့်သလိုစားမယ်ဆိုရင် ကျန်းမာရေးကိုအထောက်အကူပြုနိုင်တယ်လို့ နစကဥက္ကဌက ပြောပါတယ်။

လူတယောက်ရဲ့ စားသုံးမှုဟာ တနေ့ကိုပျမ်းမျှ ဆန်နို့ဆီဗူး ၂ဗူးခွဲကုန်တာကြောင့် ဆန်ကို ၁၀% လောက်လျှော့ချပြီး စားသုံးကြည့်တဲ့အခါ အကျိုးရှိကြောင်းကို သုတေသနပြုချက်တွေအရ တွေ့ရတယ်လို့ ဆိုပါတယ်။

စားသုံးမှုပုံစံကိုပြင်ခြင်းအားဖြင့် လူမှုကျန်းမာရေးကို အများကြီးပြောင်းလဲသွားနိုင်ပြီး ပြည် သူတွေရဲ့ ကျန်းမာရေးအတွက် များစွာအထောက်အကူရမယ်လို့လည်း နစကဥက္ကဌက အကြံပြုထားပါတယ်။

နိုင်ငံဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိကထားတဲ့ နိုင်ငံဖြစ်တာကြောင့် စားရေရိက္ခာဟာ အခြေခံအားဖြင့် လုံလောက်မှုရှိကြောင်းနဲ့ ဆန် မဖူလုံတဲ့ဒေသတွေအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွန်းအားပေးဆောင်ရွက်နေကြောင်းတို့ကိုလည်း ပြောကြားခဲ့ပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here