ဖေဖော်ဝါရီ တတိယပတ်မှာ ကျောင်းတွင်းစစ် စာမေးပွဲတွေကို စစ်ဆေးသွားမယ်

0
176

ဖေဖော်ဝါရီ တတိယပတ်မှာ ကျောင်းတွင်းစစ် စာမေးပွဲတွေကို စစ်ဆေးသွားမယ်

Unicode

အခြေခံပညာ စာသင်ကျောင်းတွေကို နစကလက နိုဝင်ဘာ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းတွင်း စစ်စာမေးပွဲတွေကို ဖေဖော်ဝါရီ တတိယပတ်ထဲမှာ စစ်ဆေးသွားမှာပါ။

သင်ခန်းစာတွေကို ပြောင်းလဲထားသလို ကျောင်းတွေပြန်စဖွင့်ပြီး စာသင်ချိန် ၁၄ ပတ်အပြီးမှာ အခုလိုကျောင်းတွင်းစစ် စာမေးပွဲတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။

“ဖေဖော်ဝါရီ တတိယပတ်ထဲမှာ စာမေးပွဲတွေစစ်သွားမှာပါ စာသင်ချိန်တိုပေမဲ့လည်း ကိုက်ညီမဲ့ သင်ခန်းစာတွေကိုပဲသင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက် ကလေးတွေအတွက် အခက်အခဲတော့ မရှိပါဘူး လက်ရှိ ကျွန်မတို့ကျောင်းမှာတော့ ကလေးအတော်များများလာတက်ကြပါတယ်”လို့ ဆရာမ တစ်ယောက်ကပြောပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here