ထောင် ၂-နှစ်ချမှတ်ခံထားရသော ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိ အမှုအတွက် နိုဝင်ဘာ ၉ ရက်တွင် အပြီးသတ် အမိန့်ချမည်

0
154

ထောင် ၂-နှစ်ချမှတ်ခံထားရသော ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိ အမှုအတွက် နိုဝင်ဘာ ၉ ရက်တွင် အပြီးသတ် အမိန့်ချမည်


နိုင်ငံတော် မတည်မငြိမ် ဖြစ်စေရန် လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ် ခံခဲ့ထားရသော ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ပြည်နယ် ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးသန်းနိုင်နှ အတူ စွဲဆိုထားသည့် အဂတိအမှု ၅ မှုအတွက် လာမည့် နိုဝင်ဘာလ ၉ ရက်တွင် ဘားအံ အကျဉ်းထောင်၊ အထူးတရားရုံး၌ အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

ဒေါ်နန်းခင်ထွေးမြင့်မှာ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်း လေးဦးနှင့်အတူ ထိန်းသိမ်းတရားစွဲ ခံထားရပြီးနောက် မေလ ၃ဝ ရက်က ယင်းတို့နှင့်အတူ ထောင်ဒဏ် ၂-နှစ်စီ ချမှတ်ခံခဲ့ရခြင်း ဖြစ်ပြီးလက်ရှိ စွဲချက်တင်ထားသော အဆိုပါ အဂတိလိုက်စားမှုများ ပြစ်မှုမြောက် ပါက အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

အသက် ၆၇ နှစ်အရွယ်ရှိပြီ ဖြစ်သော ဒေါ်နန်းခင်ထွေးမြင့်ကို ဖေဖော်ဝါရီလ တစ်ရက်က ထိန်းသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂-ရက် နံနက်တွင် ပြန်လွှတ်ကာ ဖေဖော်ဝါရီလ ၇ ရက်တွင် ပြန်လည် ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

 

Zaw Gyi

ေထာင္ ၂-ႏွစ္ခ်မွတ္ခံထားရေသာ ေဒၚနန္းခင္ေထြးျမင့္ကို အဂတိအမႈအတြက္ ႏိုဝင္ဘာ ၉ ရက္တြင္အၿပီးသတ္ အမိန္႔ခ်မည္

ႏိုင္ငံေတာ္ မတည္မၿငိမ္ျဖစ္ေစရန္လႈံ႕ေဆာ္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(ခ)ျဖင့္ ေထာင္ဒဏ္ႏွစ္ႏွစ္ ခ်မွတ္ခံခဲ့ထားရေသာ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒၚနန္းခင္ေထြးျမင့္ကို ျပည္နယ္ဘ႑ာေရးႏွင့္ စည္ပင္သာယာေရးဝန္ႀကီးေဟာင္း ဦးသန္းႏိုင္ႏွင့္အတူ စြဲဆိုထားသည့္ အဂတိအမႈ ၅ မႈအတြက္ လာမည့္ ႏိုဝင္ဘာလ ၉ ရက္တြင္ ဘားအံအက်ဥ္းေထာင္၊ အထူးတရား႐ုံး၌ အၿပီးသတ္ အမိန႔္ခ်မွတ္မည္ ျဖစ္ေၾကာင္း သိရသည္။

ေဒၚနန္းခင္ေထြးျမင့္မွာ ျပည္နယ္ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးေဟာင္း ေလးဦးႏွင့္အတူ ထိန္းသိမ္းတရားစြဲ ခံထားရၿပီးေနာက္ ေမလ ၃ဝ ရက္က ယင္းတို႔ႏွင့္အတူ ေထာင္ဒဏ္ ၂-ႏွစ္စီ ခ်မွတ္ခံခဲ့ရျခင္း ျဖစ္ၿပီးလက္ရွိ စြဲခ်က္တင္ထားေသာ အဆိုပါ အဂတိလိုက္စားမႈမ်ား ျပစ္မႈေျမာက္ပါက အနည္းဆုံး ေထာင္ဒဏ္ ၇ ႏွစ္ကေန ၁၅ ႏွစ္အထိ ခ်မွတ္ခံရႏိုင္ေၾကာင္း သိရသည္။

အသက္ ၆၇ ႏွစ္အ႐ြယ္ရွိၿပီ ျဖစ္ေသာ ေဒၚနန္းခင္ေထြးျမင့္ကို ေဖေဖာ္ဝါရီလ တစ္ရက္က ထိန္းသိမ္းခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီ ၂-ရက္ နံနက္တြင္ ျပန္လႊတ္ကာ ေဖေဖာ္ဝါရီလ ၇ ရက္တြင္ ျပန္လည္ ထိန္းသိမ္းခဲ့ျခင္း ျဖစ္သည္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here